Oct 11, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရပ်ကွက်အသီးသီးမှ စားရေးအခက်အခဲရှိနေသည့် အသက်(၇၀)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် မသန်စွမ်းသူများအား ဆန်နှင့်ဆီအပါအဝင် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းရန်အတွက် မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက် “ကမ်းလက်ကူညီပရဟိတအသင်း” ဥက္ကဋ္ဌ ဦးဝင်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်လှအောင်နှင့် အသင်းသူ၊ အသင်းသားများ၊ မူဆယ်မြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ မေတ္တာပန်းခင်းပရဟိတအသင်းဥက္ကဋ္ဌ ဦးချိုတူးနှင့် အသင်းသားများ၊ စေတနာပရဟိတအသင်း ဥက္ကဋ္ဌနှင့် အသင်းသူ၊ အသင်းသားများ၊ ရွှေလင်းရောင်ပရဟိတအသင်းဥက္ကဋ္ဌနှင့် အသင်းသူ၊ အသင်းသားများ၊ မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ စသည့်ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက်က မူဆယ်မြို့၌ကွင်းဆင်းပြီး အမည်စာရင်းများ ကောက်ခံခဲ့ကြောင်း သိရသည်။
Oct 11, 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အကျိုးအမြတ်မယူသည့် နိုင်ငံတကာအသင်းအဖွဲ့များမှ ၎င်းတို့၏ပြည်တွင်းသို့ ငွေလွှဲပြောင်းပေးပို့ခြင်းအတွက် နှောင့်နှေးမှုမရှိစေရန် ဆောလျင်စွာစိစစ်ရန်ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှုများတွင် နယ်စပ်ငွေသားအစားဘဏ်စနစ်ကို ပိုမိုသုံးစွဲရန်နှင့်တရားမဝင် ငွေလွှဲလုပ်ငန်းများကို အရေးယူ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
Oct 11, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြို့သစ်ရပ်ကွက် ပုညကာရီဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာ အိမ်ထောင်စု ၂၄၅ စု၊ လူဦးရေ ၁၀၉၉ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၂၃၀၇၉၀၀၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်များအား ထောက်ပံ့ပြီး ရေဘေးရှောင်ကလေးငယ်များအတွက် အာဟာရမုန့်များပေးဝေသည်။
Oct 11, 2023
မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရန်အတွက် ၂၀၂၃ ခုနှစ် (၄၄) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲဝင်အသင်းကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံကို ယနေ့နံနက် ၉ နာရီက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
Oct 11, 2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မာဂရီချောင်းရေဝင်ရောက်ခဲ့သည့် စပါးကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ပိန်းအင်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့မွန်းလွဲ ၁နာရီခွဲက တိုက်ကြီးတပ်နယ်မှူးနှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 11, 2023
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ စတင်ပေးအပ်လှူဒါန်းကြရာ ဒေါပုံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၈၃၀၀၀၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၅၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူးများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
Oct 11, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန် - မန္တလေးအမြန်လမ်း ၃၉ မိုင် ဘောနက်ကြီး Rest Camp တွင် ပဲခူးမြစ်ရေကြီးမှုကြောင့် ရပ်နားထားသည့်ယာဉ်များ လိုရာခရီးသွားလာနိုင်ရေး၊ ယာဉ်များပိတ်ဆို့ မှုမရှိစေရေးနှင့် ယာဉ်လမ်းကြောင်းများ ပြတ်တောက်မှုမရှိစေရေးအတွက် လိုအပ်သည်များ ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 11, 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 11, 2023
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းတွင် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှု များပြားခဲ့ခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လျက်ရှိရာ ဆည်တမံများထိန်းသိမ်းရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့နယ်သို့ သွားရောက်ဆောင်ရွက်လျက်ရှိသည်။
Oct 11, 2023
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 11, 2023
တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 11, 2023
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ ငါးလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) ၌ ငါးမျိုးစိတ်များ ခွဲခြားအမည်ပေးနည်းသင်တန်းကို အောက်တိုဘာ ၉ ရက်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်သည်။
Oct 11, 2023
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အမှားကို အမှန်လုပ် အကျိုးယုတ် မျိုးပြုတ်သင့်သည့် မီဒီညာ” ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Oct 11, 2023
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမှန်ကန်ချောမွေ့စွာလည်ပတ်ရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတွင် အဟန့်အတားများရှိနေပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး နှေးကွေးနေမည်ဖြစ်သည်။ နိုင်ငံ၏ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေသည့် တရားမဝင်ကုန်သွယ်မှုများ တားဆီးနေသည့်ကြားမှ ရှိနေသည်ကိုတွေ့ရသည်။
Oct 11, 2023
နိုင်ငံ့စီးပွားရေးမောင်းနှင်အားကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို ယခုထက်ပိုမိုထိရောက်စွာ တားဆီးစစ်ဆေးအရေးယူရန်လိုအပ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၃) တွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများ အမြစ်တွယ်ကြီးထွားနေခြင်းသည် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဝင်ကုန်သွယ်မှုများကို ကြီးမားလှစွာသော အနှောင့်အယှက်အဟန့်အတားပင်ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်သွားသည်အထိ တိုက်ဖျက်သွားရမည်ဖြစ်သည်။
Oct 10, 2023
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) မိုးမြင့်ထွန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကိုထမ်းဆောင်စဉ်အတွင်း နိုင်ငံတော်၏နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများနှင့်ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို သွေဖည်ဆောင်ရွက်၍ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကိုကျူးလွန်ခဲ့ခြင်း၊