Oct 10, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး နန်းမြို့ရိုးထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Oct 10, 2023
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 10, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 10, 2023
၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု(E)ဒုတိယနေ့ကို အောက်တိုဘာ ၉ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက အိန္ဒိယအသင်းကို ငါးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရပြီး နိုင်ပွဲဆက်ခဲ့သည်။
Oct 10, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၇ ရက်က တောင်ငူခရိုင်အတွင်း၌ တရားမဝင်သစ်မာ ၄ ဒသမ ၉၀၈ တန်၊ အခြားသစ် ၀ ဒသမ ၆၂၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၂၅,၇၂၂) နှင့် အောက်တိုဘာ ၈ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ ကျွန်းသစ် ၇ ဒသမ ၆၈၂ တန်နှင့် အခြားသစ် ၁ ဒသမ ၀၆၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၅၆,၂၇၄)ကို သစ်တောဥပဒေအရ လည်းကောင်း၊ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက် ပုဏ္ဏစု (၈)လမ်း၌ လိုင်စင်မဲ့ Mazda Bongo မော်တော်ယာဉ်တစ်စီးနှင့် Nissan Vanette မော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၈၁,၉၉၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 10, 2023
တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီက ဟန်ကျိုးမြို့ရှိ အိုလံပစ် အားကစားကွင်း (Hangzhou Olympic Center)၌ ကျင်းပသည်။
Oct 10, 2023
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် တက္ကသိုလ်/ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပသည်။
Oct 10, 2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 10, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ် တက်ရောက်ပညာသင်ကြားနေသော ဘာသာရပ်ဆိုင်ရာ ကျောင်းသားများသည် အောက်တိုဘာ ၄ ရက်မှ ၉ ရက်အထိ တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ချင်းတွင်း) ဖြင့် ရန်ကုန်-ကိုကိုးကျွန်း-ဟိုင်းကြီးကျွန်း-ရန်ကုန် ပင်လယ်ပြင် လက်တွေ့ခရီးစဉ် (Sea Training) သွားရောက် ဆောင်ရွက်ခဲ့ကြသည်။
Oct 10, 2023
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။
Oct 10, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးအတွက် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) နှင့် Locus Map Software အသုံးပြုနည်း၊ UTM မြေပုံဖတ်နည်း၊ မြေပုံဖြတ်ခြင်း/ ဆက်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။
Oct 10, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ယနေ့တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသည့် ပဲခူးမြို့ကျောက်ကြီးစုရပ်ကွက်၌ တာပေါင်ရေကျော်နေမှု၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ရွှေ့ပြောင်းပေးနေမှု၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုများကိုကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Oct 10, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သီလဝါသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ သာကေတမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 10, 2023
မန္တလေးနှင့် ရမည်းသင်းနည်းပညာတက္ကသိုလ်များမှ ကြီးကြပ်သူဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၁၈ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာကြသည်။
Oct 10, 2023
အနောက်တောင်မုတ်သုံလေသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ မှ ၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လည်းကောင်း ဆုတ်ခွာသွားဖွယ်ရှိသည်ဟု မိုးလေဝသမှ ခန့်မှန်းအသိပေးထားသည်။ မုတ်သုံလေဆုတ်ခွာသွားမှုသဘာဝအရ မြန်မာနိုင်ငံတွင် မိုးရာသီကာလကုန်ဆုံးပြီး ခြောက်သွေ့ရာသီသို့ ရောက်ရှိလာရမည်ဖြစ်သော်လည်း ယခုကာလများတွင် မြန်မာနိုင်ငံရှိ အချို့ဒေသများ၌ မိုးသည်းထန်မှုဖြစ်စဉ်များနှင့် ကြုံတွေ့နေဆဲ ဖြစ်သည်။
Oct 10, 2023
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အသေးစိတ်အကျေအလည် ဆွေးနွေးညှိနှိုင်းသဘောတူရေးဆွဲခဲ့ကြခြင်းဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စကားလုံးအသုံးအနှုန်းတစ်ခုချင်းမှသည်၊ စာပိုဒ်တစ်ပိုဒ်ချင်း၊ ပုဒ်မတစ်ခုချင်း၊ အခန်းတစ်ခန်းချင်းအထိ အသေးစိတ် အကျေအလည် ညှိနှိုင်းခဲ့ကြရခြင်းဖြစ်ပြီး ကြိုတင်သဘောတူညီချက်များအနေဖြင့်မူ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှုပြီး ပြည်သူတို့၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းကြမည်ဟူသော အချက်များပင်ဖြစ်သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၉-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီ
Oct 10, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၈-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၆၇၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Oct 09, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူ ၉၄၁ ဦးအား ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိသည့် ဇေယျာမွန်ရပ်ကွက်ရှိတောရ ရွှေဂူကျောက်တွင်းဘုန်းတော်ကြီးကျောင်း၊ ကော့စံနိုင်ရပ်ကွက်ရှိ တောရဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် မြောက်ပိုင်းရပ်ကွက်ရှိ သာသနာ့ပါလဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။