Skip to main content

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများ မြို့နယ်အသီးသီး၌ ကျင်းပ

 

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ပြည်ထောင်စုနေ့သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားများကို မြို့နယ်အသီးသီး၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် မြင်ကွင်းများကို စုစည်းဖော်ပြလိုက်ပါသည်။