Skip to main content

Oct 12, 2023

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်ထွန်းကားသော ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ နိုင်ငံခေတ်မီတိုးတက်ရေး အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ကြပြီး မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများက ဒစ်ဂျစ်တယ်နည်းပညာသို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC II) ၌ ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းကMICC II တွင် အခမ်းအနား ကျင်းပရန်  ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ MICC II ရှေ့မျက်နှာစာတွင် ကျင်းပမည့်အခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရန်နှင့် စက်ခလုတ်နှိပ်ဖွင့်လှစ်ရန် အစီအစဉ်နှင့် နေရာအခင်းအကျင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၄ ပေခန့် ကျော်လွန်မြင့်တက်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်းရှိ လူနေရပ်ကွက်များနှင့် အနီးရှိ ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ပညာရေးဒီဂရီကောလိပ် ရေဘေးကယ်ဆယ်ရေးစခန်း၌ ယနေ့နံနက်ပိုင်းတွင် ထပ်မံရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများက ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၇၀ စု၊ လူဦးရေ ၆၅၀ ဦးနှင့် လှူဒါန်းထားရှိသည့် စားနပ်ရိက္ခာများအား အဆိုပါမြို့နယ်ရှိ ရေဘေးလွတ်ရာ Uniwin အထည်ချုပ်စက်ရုံသို့ ကူညီကယ်ဆယ် ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၀-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၀၉၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီး မင်းနောင်ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ၌ နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ UMFCCI Office Tower မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍစကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် ဇေယျာသီရိမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

ပြည်သူများ၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး ပြည်တွင်း၊ ပြည်ပကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက တိုက်တွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်တွင် အောက်တိုဘာလ ၉ ရက် ညပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အချို့မီဒီယာများမှ တပ်မတော်အပေါ် ဝေဖန်တိုက်ခိုက်လိုသည့်သဘောဖြင့် တပ်မတော်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်လည်းကောင်း၊ အချို့မီဒီယာများကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့်လည်းကောင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲပြောဆိုရေးသားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရပ်ကွက်အသီးသီးမှ စားရေးအခက်အခဲရှိနေသည့် အသက်(၇၀)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် မသန်စွမ်းသူများအား ဆန်နှင့်ဆီအပါအဝင် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းရန်အတွက် မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးကွန်ရက် “ကမ်းလက်ကူညီပရဟိတအသင်း” ဥက္ကဋ္ဌ ဦးဝင်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးစိန်လှအောင်နှင့် အသင်းသူ၊ အသင်းသားများ၊ မူဆယ်မြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ မေတ္တာပန်းခင်းပရဟိတအသင်းဥက္ကဋ္ဌ ဦးချိုတူးနှင့် အသင်းသားများ၊ စေတနာပရဟိတအသင်း ဥက္ကဋ္ဌနှင့် အသင်းသူ၊ အသင်းသားများ၊ ရွှေလင်းရောင်ပရဟိတအသင်းဥက္ကဋ္ဌနှင့် အသင်းသူ၊ အသင်းသားများ၊ မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ စသည့်ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၄ ရက်က မူဆယ်မြို့၌ကွင်းဆင်းပြီး အမည်စာရင်းများ ကောက်ခံခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ယနေ့နံနက်ပိုင်းကကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့၏ အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အကျိုးအမြတ်မယူသည့် နိုင်ငံတကာအသင်းအဖွဲ့များမှ ၎င်းတို့၏ပြည်တွင်းသို့ ငွေလွှဲပြောင်းပေးပို့ခြင်းအတွက် နှောင့်နှေးမှုမရှိစေရန် ဆောလျင်စွာစိစစ်ရန်ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှုများတွင် နယ်စပ်ငွေသားအစားဘဏ်စနစ်ကို ပိုမိုသုံးစွဲရန်နှင့်တရားမဝင် ငွေလွှဲလုပ်ငန်းများကို အရေးယူ ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြို့သစ်ရပ်ကွက် ပုညကာရီဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာ အိမ်ထောင်စု ၂၄၅ စု၊ လူဦးရေ ၁၀၉၉ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၂၃၀၇၉၀၀၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ရေသန့်များအား ထောက်ပံ့ပြီး ရေဘေးရှောင်ကလေးငယ်များအတွက် အာဟာရမုန့်များပေးဝေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်ပြန့်ပွားစေရန်အတွက် ၂၀၂၃ ခုနှစ် (၄၄) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲဝင်အသင်းကိုယ်စားလှယ်များ၏ ခြင်းလုံးညီလာခံကို ယနေ့နံနက် ၉ နာရီက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 11, 2023

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မာဂရီချောင်းရေဝင်ရောက်ခဲ့သည့် စပါးကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ပိန်းအင်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့မွန်းလွဲ ၁နာရီခွဲက တိုက်ကြီးတပ်နယ်မှူးနှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်