Oct 13, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ ဆရာဒကာကျောင်းများဖြစ်သော အဘယာရာမကျောင်းတိုက်နှင့် မြို့မစမ်းမြိုင်ကျောင်းတိုက်များသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Oct 13, 2023
၂၀၂၆ ကမ္ဘာ့ဖလားအာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ ပထမအကျော့အဖြစ် မြန်မာ့လက်ရွေးစင် အသင်းနှင့်မကာအိုလက်ရွေးစင် အသင်းသည် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
Oct 13, 2023
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း (Asia-Pacific Institute for Broadcasting Development -AIBD)က စီစဉ်ကျင်းပသည့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက Online ဖြင့်ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှဝန်ထမ်းများ တက်ရောက်ကြသည်။
Oct 13, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီးအစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Oct 13, 2023
ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် (၅၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။
Oct 13, 2023
နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်နေသော နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ယနေ့တွင် သစ်တွန်ကျေးရွာအုပ်စု လေးအိမ်စုကျေးရွာအတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကို ပေးအပ်ခဲ့သည်။
Oct 13, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကုသရေးဦးစီးဌာနမှ ပါမောက္ခဒေါက်တာခင်မောင်ဦးစီး၍ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားတုကျွမ်းကျင်သူများ၊ သွားဘက်ဆိုင်ရာသူနာပြုများနှင့် စေတနာ့ဝန်ထမ်းများ အပါအဝင်စုစုပေါင်း ၃၂ ဦးပါဝင်သည့် ဆေးကုသရေးအဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားဒေသအတွင်းရှိ မိုင်းလား၊ မိုင်းဆော၊ ဆမ်တောက်၊ ဆီလူးဒေသများတွင် နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများကို သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာများ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
Oct 13, 2023
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးမြို့နယ်ရှိ ဇလက်ထော်ရေလှောင်တမံတွင် အောက်တိုဘာ ၁၀ ရက်ကရေပိုလွှဲမှ ရေအမြင့်(၃ ဒသမ ၉)ပေကျော်အထိ ရေကျော်စီးဆင်းခဲ့ရာ ပင်မရေပိုလွှဲ အထွက်ပိုင်းရေကျအဆောက်အအုံများ ရေတိုက်စားထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဦးဆောင်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Oct 13, 2023
(၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်(REW)သို့ တက်ရောက်ရန် ရုရှားနိုင်ငံမော်စကိုမြို့၌ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီး မစ္စတာနီကိုလေရှိုဂီနော့ (Mr. Nikolay SHULGINOV) နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
Oct 13, 2023
အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် ထူးချွန်သူသင်တန်းသားငါးဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒဏ္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 13, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (၂၀၂၃) (REW-2023)သို့ တက်ရောက်ကြသည်။
Oct 13, 2023
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၅) ကျောင်းဆင်း တောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
Oct 13, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့အခြေစိုက် Universa Global ကုမ္ပဏီတည်ထောင်သူနှင့် စီမံခန့်ခွဲရေးမိတ်ဖက်ဖြစ်သူ Mr. Alexander Borodich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 13, 2023
ရုပ်ရှင်အနုပညာလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးနှင့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 13, 2023
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Oct 13, 2023
ပြီးခဲ့သည့်ရက်သတ္တပတ်က အစ္စရေးနိုင်ငံ၏ အားလပ်ရက်တစ်ရက်တွင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဟားမားစ်တို့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀၀ ကျော်သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုသို့တိုက်ခိုက်ပြီး နှစ်နာရီအကြာတွင် ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၈ ဦးထက်မနည်းသေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
Oct 13, 2023
ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ တက်လှမ်းလာပြီဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်က စတင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဖက်စပ်လုပ်ငန်းထူထောင်ခြင်း ဆိုင်ရာဥပဒေကို ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နောက်တစ်နှစ် ၁၉၈၀ တွင် အထူးစီးပွားရေးဇုန်ကြီးလေးခုကို နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့ကြီးများတွင်တည်ထောင်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ စီးပွားရေးတံခါးဖွင့်ဝါဒ စတင်ကျင့်သုံးချိန်မှစ၍ နှစ်စဉ်ဆက်တိုက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ယခုအခါ စီးပွားရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
Oct 12, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
Oct 12, 2023
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းရှိ ကုန်းတလင်း၊ ဇီးကုန်း၊ ဇီးကုန်း ကျွန်း၊ သူဌေးကုန်းနှင့် ကန်ဒေါင့် ကျေးရွာတို့၌ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် မိုးစိုက် (ခေါ်) ဥစိုက်ကြက်သွန်နီများ အများအပြား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Oct 12, 2023
၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စု(E) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁၁ ရက်က တာဂျစ်ကစ္စတန်နိုင်ငံ၌ကျင်းပရာ မြန်မာအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။