Skip to main content

Nov 09, 2023

၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်(၂၀၂၃ အောင်) (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမ နှစ်ဝက်) သင်တန်းများကို ၁၆-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ (စနေနှင့် တနင်္ဂနွေနေ့များအပါအဝင်) နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျောင်းအပ်လက်ခံပြီး ၂၃-၁၁-၂၀၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများကို ၂၃-၁၁-၂၀၂၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးကို ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်(၃၊ ၄၊ ၅၊ ၆)ရက်၊(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁၊ ၂၊ ၃)ရက် ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များတွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၇၊ ၈)ရက်၊(၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄၊ ၅ ရက်) တနင်္လာ၊ အင်္ဂါနေ့များတွင် ပန္နရသမအစည်းအဝေးကြီး ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများသည် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်)၊ ဗုဒ္ဓဟူးနေ့အ‌ရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် နိုဝင်ဘာ ၆ ရက်တွင် ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ကြသူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ အလုပ်ရုံစစ်ဆေးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် ထက်ဝေယံကားဂိတ်၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်မျိုးစုံအထည် ၁၂၀၀၊ Hyundai မော်တော်ယာဉ် ဘေးတံခါးသုံးခု၊ Santoor ဆပ်ပြာခွက် ၇၃၄၄ ခု၊ Roble Zayco ပါပလာခြောက် ၂၂၅၀ ကီလိုဂရမ်၊ Betnovate-Gm Cream အရေပြားလိမ်းဆေးဘူး ၆၄၀၀၊ Bolt ၇၅၀ ကီလိုဂရမ်၊ Fruit Juice ဖျော်ရည်အဆီ ပုလင်း၂၄၀၊ K.DYNARY ဆပ်ပြာဘူး ၁၉၂၀၊ Brand ငှက်သိုက် ဘူး ၁၉၂၀၊ Beatess Candy ချိုချဉ် ၁၅၇၅ ဘူး၊ စောင် (Blanket) ၁၇၀ ကီလိုဂရမ်၊ Diclofenac Sodium & Paracetamol Tablets ဆေးဝါး ၂၄၄၈ ဘူး၊ ယာဉ်အပိုပစ္စည်းဖြစ်သည့် Major Gas Ket အခု ၃၀ နှင့် Vatika ခေါင်းလျှော် ရည်တွဲ ၆၀၈ ဖာအပါအဝင် ကုန်ပစ္စည်း ၁၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၂၉၃၀၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီးနှင့် စက်မှုဇုန်ထုတ် NIDI Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၂၉၃၀၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီခွဲတွင် ပင်လောင်းမြို့နယ် ထိန်ပင်ကျေးရွာအုပ်စု လိန်းလီကျေးရွာအနီးတွင် အုန်းကျော် (ခ)မောင်ကျော် မောင်းနှင်လာသည့် ALPHARD အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၃၉ ဒသမ ၆ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မဖြူဖြူဝင်း(ခ)မဖြူကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနကြီးမှူးများနှင့်အတူ နိုဝင်ဘာ ၇ ရက်က ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်များအတွင်း စည်ပင်သာယာရေးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

ဆီစက်လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်း၊ မြေပဲလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက်(ပုံမှန်)အစည်းအဝေး(၄/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် ရုံးအမှတ်(၃၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

လုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အသိပညာမျှဝေခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 09, 2023

ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု (ဗဟို)ကြီးကြပ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော် ဆွမ်းစားကျောင်းဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်