Nov 11, 2023
ဒီနေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲဖြစ်ပွားမှု အခြေအနေကတော့ ကွမ်လုံမြို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ ကွမ်လုံမြို့ တချို့နေရာတွေမှာတော့ MNDAA သောင်းကျန်းသူတွေရောက်ရှိနေတာ တွေ့ရတယ်။ ဒီကွမ်လုံဗျူဟာနဲ့ ကွပ်ကွဲမှုအောက် တပ်တွေအနေနဲ့ကတော့ ရက်သတ္တတစ်ပတ်ခန့်ရှိပြီး ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နေတာမျိုး ဖြစ်ပါတယ်။
Nov 11, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Nov 11, 2023
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md. Monwar Hossain ကို လက်ခံတွေ့ဆုံသည်။
Nov 11, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ညနေပိုင်း၌ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
Nov 11, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 11, 2023
တက္ကသိုလ်/ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
Nov 11, 2023
သဘာဝပေါက်ပင်များ မျိုးစုံတည်ရှိပြီး သီးနှံအမျိုးမျိုးစိုက်ပျိုးဖြစ်ထွန်းသည့် ဧရာဝတီတိုင်း ဒေသကြီး၌ အခြေအနေပေးသည့် ဒေသတွင် ကော်ဖီတိုးချဲ့ထုတ်လုပ်သင့်ကြောင်း၊ ဂေဟစနစ်ခရီးသွား လုပ်ငန်းအပြင် ကော်ဖီခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးလာရန် အလားအလာကောင်းများ ရှိနေကြောင်း နိုဝင်ဘာ ၈ ရက်က ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ မယ်ဇလီသစ်တောကြိုးဝိုင်း ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် MAGT ကုမ္ပဏီ လီမိတက်၏ ကော်ဖီဧက ၃၀၀ စိုက်ခင်းအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။
Nov 11, 2023
လွှတ်တော် ၃ ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ (မူကြမ်း)များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 11, 2023
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Nov 11, 2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ ကျကကျေးရွာအနီး၌ ဖွင့်လှစ်ထားသော ရွှေတြိဂံကရုဏာ ဘေးမဲ့တောတွင် သဘာဝစိမ့်စမ်း ရေတံခွန်ငါးခုနှင့် စေတီတစ်ဆူတည်ထားကာ စိမ့်စမ်းရေများဖြင့် စိမ်းလန်းစိုပြည်အေးချမ်းသာယာလျက်ရှိပြီး အများပြည်သူများ အခမဲ့ လာရောက်လည်ပတ် လေ့လာအပန်းဖြေနိုင်ကြောင်း သိရသည်။
Nov 11, 2023
(က) ၁။ အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကိုတင်ပို့သည့်နေ့မှ ၄၅ ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်းလည်းကောင်း မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားပါသည်။
Nov 11, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စသည့်သီးနှံအမျိုးပေါင်း ၆၁ မျိုးကို နိုင်ငံတစ်ဝန်းရှိ စုစုပေါင်း စိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယင်းတို့တွင် စက်မှုကုန်ကြမ်းသီးနှံပင် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခု၌ ဧက ၁ ဒသမ ၆၄ သန်းစိုက်ပျိုးပြီး အစေးခြစ်ဧက တစ်သန်းနီးပါးမှ ရော်ဘာတန်ချိန် သုံးသိန်းကျော်ထွက်ရှိသည်။
Nov 11, 2023
မိုးလတို့ကုန်ဆုံး၍ ခြေခင်းလက်ခင်းသာသည့် ဤရာသီတွင် နိုင်ငံတစ်ဝန်း၌ ကထိန်ပွဲကို ခင်းကျင်းကြသည်။ အတိအကျအားဖြင့်ဆိုလျှင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသည် ကထိန်ပွဲရာသီဖြစ်ပြီး ချိန်ခါရာသီမရွေး ကျင်းပချင်တိုင်း ကျင်းပ၍မရသောပွဲလည်းဖြစ်သည်။ ကထိန်ပွဲကျင်းပခြင်း၏ မူလအစသည် မြတ်ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး မြတ်စွာဘုရားသက်တော် ၇၂ နှစ်၊ ဝါတော် ၃၇ ဝါ နောက်ပိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကထိန်ကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။
Nov 10, 2023
ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 10, 2023
ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) စိုးထွဋ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံခဲ့မှုအပေါ် ၎င်း၏ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်ဩဇာအသုံးပြု၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးရန်ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း၊
Nov 10, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 10, 2023
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုချီးမြှင့် ပေးအပ်လျက်ရှိသည်။