နေပြည်တော် မတ် ၁၁
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၆/၂၀၂၂(မန္တလေး)၊ ၁၅/၂၀၂၃(မကွေး)၊ ၂၂/၂၀၂၃ (ကချင်)၊ ၃၁/၂၀၂၃ (ပဲခူး)၊ ၃၅/၂၀၂၃ (ရန်ကုန်)နှင့် ၄၂/၂၀၂၃(ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၆)မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၈/၂၀၂၃(မန္တလေး)နှင့် ၁၁/၂၀၂၃(တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၃၂/၂၀၂၃ (ကရင်)၊ ၄၄/၂၀၂၃ (ရှမ်း)နှင့် ၁/၂၀၂၄ (မန္တလေး)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၃)မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်