Skip to main content

ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် မတ် ၁၁

ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အွန်လိုင်းမှ တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ဒေသစာရင်းစစ်ရုံးများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက အွန်လိုင်းမှ တက်ရောက်ကြသည်။

လက်တွေ့ပေါင်းစပ်အသုံးချ

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့် ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်၊ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများကို အခြေခံမှစ၍ သိရှိနားလည်ထားမှသာ နည်းစနစ်ကျကျဆောင်ရွက်နိုင်ပြီး အဖွဲ့အစည်းအောင်မြင်တိုးတက်မည်ဖြစ်ကြောင်း၊ သင်တန်းမှပို့ချမှုများကို လုပ်ငန်းခွင်တွင် စာတွေ့လက်တွေ့ပေါင်းစပ်အသုံးချရန် လိုအပ်ပါကြောင်း၊ စစ်ဆေးရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးခြင်းဖြင့် ဘက်ပေါင်းစုံမှကျွမ်းကျင်သည့် မျိုးဆက်သစ်ဝန်ထမ်းကောင်းများဖြစ်စေရေး၊ ဦးဆောင်မှုအောက်တွင် လိုက်ပါဆောင်ရွက်တတ်သည့် အားထားယုံကြည်ရသော နောက်လိုက်ကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

သင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ဒေသစာရင်းစစ်ရုံးများတွင် ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁၁ ရက်အထိဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်မှ ၃၂ ဦး၊ ဒေသစာရင်းစစ်ရုံးများမှ ၇၀ တက်ရောက်ခဲ့သည်။

သတင်းစဉ်