Feb 28, 2024
၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများဖြစ်ကြပြီး နိုင်ငံ့စီးပွားရေး တွင် အရေးပါသူများဖြစ်ကြသည်။ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားမှသာ စိုက်ပျိုးရေးလုပ်ငန်း၊ ၎င်းနှင့်ဆက်စပ်လုပ်ငန်း စသည်တို့တွင် အဓိကဆောင်ရွက်နေကြသူများ၏ လူမှုဘဝများတိုးတက်မြင့်မားနိုင်မည်ဖြစ်သည်။