Skip to main content

Jul 07, 2024

(၁၀၂)နှစ်ပြည့်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ် အမှုဆောင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့ကပေးပို့သော ထောက်ပံ့ ပစ္စည်းများကို ယမန်နေ့နံနက် ၁၀ နာရီတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျှော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်ရည်ရွယ် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

ကျောင်းသားလူငယ်များ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ပါဝင်ဆင်နွဲခဲ့ကြသူများ၏ ရင်တွင်းစကားသံများ ဖော်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကိုကာကွယ်ရန် ယင်နားစာအပါအဝင်   မသန့်ရှင်းသောအစားအစာ စားသုံးခြင်းကို ရှောင်ကြဉ်ပါ၊ သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်ပါ၊ လက်သန့်စင်ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုပါ၊  ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ၊ ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသပါ။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

၂ဝ၂၄ ခုနှစ် ဇွန်လအစပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာများရှိခဲ့ပြီး ထိုသို့ဖြစ်ပွားခြင်းသည် နှစ်စဉ်မိုးရာသီကာလတွင် ပုံမှန်အတိုင်း ဖြစ်ပွားမှုအနေဖြင့်သာရှိခဲ့ပါသည်။ ယခုနှစ် ဇွန်လကုန်ပိုင်းလောက်မှစတင်၍ သာကေတမြို့နယ်အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာအချို့သည် ပြည်သူ့ဆေးရုံများသို့တက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကြောင့်သေဆုံးသည့်လူနာမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကိုရည်ညွှန်းပြီး အကြမ်းဖက်ရန်လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံအကြမ်းဖက်အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီး အသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကို သတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ ကျူးလွန်နေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီးကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့၌ ကျင်းပသည့် ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်သည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နိုင်ငံအလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်များကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ရွှေဝတီကိုယ်ပိုင်အထက်တန်းကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ တိုင်းချစ်ပြည်ချစ်စိတ်ကိန်းအောင်းလာအောင် သင်ကြားပေးကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ဇူလိုင် ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် (၁၄) ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲ (အင်နိုပရွန်)သို့ တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ သတ္တရသမအစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

(၁၀၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း သို့ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်သင်ကြားရေး ကျောင်းဆောင်များကို ကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့်စာအုပ်များကို ပေးအပ်လှူဒါန်းသည်။         

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့သို့သွားရောက်ပြီး မြစ်ကြီးနားခရိုင်အတွင်း ဖြစ်ပွားခဲ့သည့်ရေကြီးရေလျှံမှုကြောင့် ဘေးသင့်ခဲ့သူများအားထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကပေးပို့ထားသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့်၊ သိုလှောင်ရုံ အတွင်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ ကယ်ဆယ်ထောက်ပံ့မှု လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၆ ပေခန့် (၁၈၄ စင်တီမီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 07, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄)တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးနှင့်ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်