Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၁၂) သင်တန်းဆင်း

ရန်ကုန် ဇန်နဝါရီ ၁၅

စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ကျင်းပသည်။

ဦးစွာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ်အားအလေးပြုပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

ပေးအပ်ချီးမြှင့်

ထို့နောက် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို ဦးရန်နိုင်စိုး အကြီးတန်းစာရေး အကောက်ခွန်ဦးစီးဌာနစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သင်တန်းသူစံပြဆုကို ဒေါ်သင်းရတနာစိုး အငယ် တန်းစာရေး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန တို့ကိုလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူ များနှင့် သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။       

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား ၁၂၀၊ သင်တန်းသူ ၂၃၃ ဦး စုစုပေါင်း ၃၅၃ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၁၅ ရက်အထိ ဖွင့်လှစ်ကြောင်း သိရသည်။

သတင်းစဉ်