Skip to main content

Jul 17, 2024

၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ရေဘေးသင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း (ဦးပိန်တံတား)တွင် ဇူလိုင် ၅ ရက်ခန့်မှစ၍ အင်းရေတဖြည်းဖြည်းတိုးလာရာ ဇူလိုင် ၁၅ ရက်တွင် တံတားကြမ်းခင်းလူလျှောက်လမ်းနှင့် တစ်ပေခန့်အလို၌ အင်းရေရောက်ရှိနေပြီး ငှက်လှေစီးသူနှင့်အင်းရေကြည့်ရန် လာရောက်သူများပြားနေကြောင်း တောင်သမန်ငှက်လှေအသင်းမှ ဦးစိုးဝင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  ပြင်ဦးလွင်ခရိုင်နှင့် ‌ အောင်ပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်၉နာရီက ပြင်ဦးလွင်မြို့ အောင်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကျောင်းသားကျောင်းသူလူငယ်များ ကျောင်းစာအပြင် စာပေဗဟုသုတနှင့် ပြည့်စုံပြီး အသိပညာ မြင့်မားစေရေး ကျောင်းသားလူငယ်များအတွင်း ကျောင်းစာကြည့်တိုက်အသုံးပြုသည့် ယဉ်ကျေးမှု ထွန်းကာလာစေရေးနှင့် ဗလငါးတန်နှင့် ပြည့်ဝသည့် လူငယ်များ ဖြစ်လာစေရန်အတွက် ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ(၁၅)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ (၁၅-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀)နာရီမှ (၁၆-၇-၂၀၂၄) ရက်နေ့၊ ညနေ (၆:၀၀) နာရီ အထိ (၂၄) နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် (၇၄) ဦးရှိခဲ့ပြီး ၎င်းတို့အနက် (၅) ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူလူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ စစ်သားဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် မျက်စိစမ်းသပ်တဲ့ ဆေးဘုတ်မှာကျခဲ့လို့ စစ်သားတစ်ယောက်မဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဟိုးငယ်စဉ် စစ်တိုက်တမ်း ဆော့ကစားတဲ့အရွယ်ကတည်းက စစ်သားဖြစ်ချင်ခဲ့တာပါ။ အိမ်နားမှာ စစ်သားတွေ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ ရောက်လာတိုင်း သူတို့စစ်ဝတ်စုံတွေ ဝတ်ကြည့်၊ စစ်လက်နက်တွေ ကိုင်ကြည့်နဲ့ သိပ်အားကျမိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈)ခု၊ အပတ်စဉ် တစ်ခုလျှင် (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ် ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်-

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code - 2024) အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေးခန်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

သုတေသနပရောဂျက်ပြပွဲ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology -MIIT)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

​​​​​​​- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာ အမျိုးမျိုး၊  မီးခြစ်အမျိုးမျိုး၊  ပန်းခွေ/ ပန်းစည်း/  ပန်းခြင်းအမျိုးမျိုး၊  ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူး အမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

​​​​​​​- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

​​​​​​​၁။      ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ရွှေဂုံလမ်းအား ဓမ္မစေတီ - ရွှေဂုံလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘို လမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံ အထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ကျွန်တော်သည် ကယားပြည်နယ်လွိုင်ကော်မြို့မှ ဒေသခံပြည်သူတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တို့ ကယားပြည်နယ်သည် ဆယ်စုနှစ်များစွာ တည်ငြိမ်အေးချမ်းခဲ့သော ပြည်နယ်တစ်ခု ဖြစ်ခဲ့ပါသည်။ ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲခဲ့သော်လည်း တပ်မတော်အစိုးရလက်ထက်တွင် လမ်း၊ တံတားများစွာ တည်ဆောက်ဖောက်လုပ်ပေးခဲ့ရုံမက တက္ကသိုလ်များ၊ ဆေးရုံများ၊ ဆည်မြောင်းတာတမံများကို တည်ဆောက်ပေးခဲ့၍ ဒေသ၏လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ ဒေသခံပြည်သူများအနေဖြင့်လည်း မချမ်းသာသည့်တိုင် ငြိမ်းချမ်းမှုရှိ၍ အေးချမ်းပျော်ရွှင်ခဲ့ကြရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

ဇူလိုင် ၁၅ ရက် ညနေ ၆ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် (၁၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2024

၂၀၁၄ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသည် ယခုအခါ တတိယသက်တမ်းသို့ရောက်ရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာပေနှင့်သတင်းမီဒီယာ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များပါဝင်သော ကောင်စီဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်