Jul 20, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရွာသာကြီး Dry Port ၌ မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် KARGO Dry Charged Battery ၁၁၃ လုံး၊ DAEWOO Cut off Saw ၆၂ လုံးအပါအဝင် ကုန်ပစ္စည်း ကိုးမျိုး(ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၆၁၅၈၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Van နှစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၆၀၀၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၂၁၅၈၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Jul 20, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 20, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သုခတော်ဝင်အိမ်ရာ တိုက်ခန်းများသာယာရေးအဖွဲ့ရုံး၌ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သုခတော်ဝင်အိမ်ရာရှိ ပြည်သူများအား အခမဲ့ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jul 20, 2024
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-
Jul 20, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၏ (၃၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားကြီးရှိ အာရုံခံတန်ဆောင်း၌ ပြုလုပ်ရာ ကျိုင်းတုံမြို့ သံသရာအေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောသလ္လအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
Jul 20, 2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ ကျောင်းသား ကျောင်းသူများဖြင့် စည်ကားခဲ့သည်။
Jul 20, 2024
၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက်ခင်း။ ဇူလိုင်မိုးစက်မိုးပွင့်များက တဖွဲဖွဲကျဆင်းနေသည်။ မိုးတဖွဲဖွဲကြားမှာပင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များသည် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ တဖွဲဖွဲလာရောက်ခဲ့ကြသည်။
Jul 20, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
Jul 20, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာနတွင် ပထမဆုံးရိုးတွင်းခြင်ဆီ အစားထိုးကုသမှု အောင်မြင်စွာခံယူပြီးခဲ့သော လူနာနှစ်ဦးအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များမှာကြား၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
Jul 20, 2024
၂၀၂၄ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၇) နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင် လူပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ စည်ကားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
Jul 20, 2024
(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
Jul 20, 2024
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအားရည်စူး၍ ဆွမ်းဆက်ကပ် ခြင်း၊ အလှူဒါနပြုအမျှပေးဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 20, 2024
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ဖြစ်သည်။ ထူးမြတ်သည့်နေ့တွင် မြတ်စွာဘုရားရှင်၏ ထူးခြားသည့်ဖြစ်စဉ်တော်များကိုအာရုံပြု၍ နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်များတိုးပွားကာ ကောင်းကျိုးများ ရစေမည့်နေ့မြတ်ဖြစ်သည်။ ထို့ကြောင့် “လမြတ်ဝါဆိုကုသိုလ်ပိုသည့်လ” ဟု ဆိုကြသည်ဖြစ်ရာ ကုသိုလ်ကောင်းမှုများ ပွားများအားထုတ်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
Jul 20, 2024
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ သယံဇာတများရောင်းချခြင်းကို ထိန်းထားပြီး ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးကို အဓိကကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးဟုဆိုရာတွင် ပြည်တွင်းသုံးစွဲမှု၊ စားသုံးမှုဖူလုံရေး၊ ပြည်ပသို့ ပိုမိုတိုးတက်တင်ပို့ရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်ရေးဟူ၍ အပိုင်းသုံးပိုင်းပါဝင်သည်။
Jul 19, 2024
(၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်ဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။
Jul 19, 2024
၂၀၂၄ ခုနှစ်(၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ဂါရဝပြုသည်။
Jul 19, 2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ဇီးကျွန်းကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် ငှက်တောကုန်းကျေးရွာရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက သောက်ရေသန့်နှင့်ငရုတ်ကြော်၊ ငါးပိကြော်များ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 19, 2024
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင်ဒက္ခိဏသီရိ မြို့နယ်ကျွန်းတက်ပဲ့ကျေးရွာအုပ်စု ဆည်စုကျေးရွာရှိ ဇော်မင်းနိုင် (ခ) ဇော်ခိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၃ နာရီ တွင် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ချင်တွင်း (၃) လမ်းရှိ ဇင်မင်းဦး (ခ) ကတုံး၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုကို လည်းကောင်း။
Jul 19, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ ရောက်ရှိပြီး ကွန်ပျူတာခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။