Skip to main content

Jan 07, 2020

လွိုင်ကော် ဇန်နဝါရီ ၇

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၏ ဆဋ္ဌမအကြိမ်မြောက် ဘက်စုံ-သားဖွား ဒီပလိုမာ(၂)နှစ် သင်တန်း အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

မူဆယ် ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူများကို ယနေ့ နံနက်(၉)နာရီတွင် မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ စတင်လဲလှယ်ပေးပြီး လာရောက်လဲလှယ်သူများပြားကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မူဆယ်ခရိုင်ဘဏ်ခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

မော်လမြိုင် ဇန်နဝါရီ ၇

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် မုခ်ဦးဖွင့်ပွဲနှင့် ပြည်နယ်ဂုဏ်ဆောင် ဆရာ/မနှင့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည်။

ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးကို  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်ပညားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

နေပြည်တော ဇန်နဝါရီ ၇

ဥပဒေအရာရှိအဆင့်-၃မွမ်းမံသင်တန်းအမှတ်စဉ်(၃၂) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲ တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

ကဗျာသည် ငြိမ့်ညောင်း၏။ လှပသော သံစဉ်လေးများပါဝင်၏။ အေးငြိမ်းစွာ လှုပ်ခတ်နေသည်။ ချစ်စရာ စာလုံးလေးများ စုစည်းထားပါ၏

စည်းလုံးမှုသည် နှစ်သက်စရာကောင်း၏။ ညီညွတ်မှုတွေပါဝင်နေ၏။ ပေါင်းစည်းမှုများ သက်ဝင်၏။ အင်အားပြည့်ဝနေ၏။

မြန်မာနိုင်ငံဟု ခေါ်ဝေါ်သော နယ်နိမိတ်မြေပုံလေးကပင် အချိုးကျလှပ နေ၏။ ကုန်း၊ ရေ၊ မြေ၊ တောတောင်ဆက်စပ်မှုဖြင့် ကာရံထားမှုကပင် အလှ တစ်ခုဖြစ်နေ၏။

ယဉ်ကျေးမှုတွင်လည်း သိမ်မွေ့မှု ဓလေ့ထုံးစံများဖြင့် အလှတွင် အယဉ် ဆင့်ထားပြန်၏။

ဘာသာတရားအဆုံးအမများကလည်း နှစ်လိုဖွယ်ဖြစ်အောင် တန်ဆာ ဆင်ထားပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

တောင်ကြီး ဇန်နဝါရီ

ရှမ်းပြည်နယ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တောင်ကြီးမြို့၊ အ.ထ.က(၅)၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် အ.ထ.က (၄)၊ အ.ထ.က (၇)၊ အ.ထ.က (၅)၊ အ.ထ.က (ရွှေညောင်)တို့ မှ ကျောင်းသား/ သူများက ဘင်ခရာ၊ ပန်းပွားအကများ ကပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

လပွတ္တာ   ဇန်နဝါရီ   ၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များကိုကျင်းပလျက်ရှိရာ ကလေးစာပေပွဲတော်(လပွတ္တာ)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လပွတ္တာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

ရေဦး ဇန်နဝါရီ ၇

ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပန်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သော RC နှစ်ထပ်ကျောင်းဆောင်သစ်ပေးအပ်ပွဲကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ အလှူရှင် ဂျပန်ဘုရားဒါယကာ မစ္စတာ ကူမန်နီ၊ အောင်ဇဗ္ဗူသာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ညွန့် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2020

မုံရွာ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ည (၇)နာရီက မုံရွာမြို့ဂေါက်ကွင်းတွင်ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်