Skip to main content

ဆဋ္ဌမအကြိမ်မြောက် ဘက်စုံ-သားဖွားဒီပလိုမာ (၂)နှစ်သင်တန်း အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၇

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၏ ဆဋ္ဌမအကြိမ်မြောက် ဘက်စုံ-သားဖွား ဒီပလိုမာ(၂)နှစ် သင်တန်း အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် လူစွမ်းအားအရင်းမြစ်ဦးစီးဌာနတို့၏ ရည်မှန်းချက် များနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်နယ်၏ လူ့စွမ်းအား အရင်း အမြစ်များ တိုးတက်မြင့်မားရေးအတွက် စွမ်းဆောင်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများ အနေဖြင့် သင်ယူတတ်မြောက်ထားသည့် ပညာရပ်များဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြစေလိုပါ ကြောင်း၊ သင်တန်းဆင်း မောင်မယ်များအနေနှင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စေရေး အတွက် တတ်စွမ်းသည့် ကဏ္ဍများမှနေ၍ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ပညာရေးအဖွဲ့များနှင့် စီမံအဖွဲ့များ ရောက်ရှိနေရာ ယူခြင်း၊ လွိုင်ကော်မြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ဘက်စုံ-သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခြင်းနှင့် ဒီပလိုမာ အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘက်စုံ-သားဖွား ဒီပလိုမာသင်တန်း အောင်မြင်သည့် သင်တန်းသား/သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး ကယားပြည်နယ်အတွင်း ယနေ့အထိ ဘက်စုံသားဖွား ဒီပလိုမာသင်တန်းဆင်း (၅၆၅) ဦး အထိရှိလာပြီးဖြစ်ကြောင်း သိရှိရသည်။

ထွန်းလေး