Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော် မုခ်ဦးဖွင့်ပွဲနှင့် ပြည်နယ်ဂုဏ်ဆောင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊  ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၇

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် မုခ်ဦးဖွင့်ပွဲနှင့် ပြည်နယ်ဂုဏ်ဆောင် ဆရာ/မနှင့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည်။

ရှေ့ဦးစွာ ပညာရေးစုံညီပွဲတော်မုခ်ဦးကို  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်ပညားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသော ဆရာ/မနှင့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို အဆိုပါကျောင်းရှိ ရတနာမွန်ခန်းမ၌ ဆက်လက်ကျင်းပရာ ရှေ့ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လမ်းညွှန်အမှာစကား ပြောကြားသည်။ ၄င်းနောက် ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားပြီး ပြည်နယ်ဂုဏ်ဆောင်ဆုရရှိကြသော ဆရာ/မနှင့် ကျောင်းသား/သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ICT ဆိုင်ရာ ပြခန်းကို လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ညီညီချမ်း (ပြန်/ဆက်)