Skip to main content

Jan 11, 2020

ရန်ကုန် ဇန်နဝါရီ ၁၁ အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr. Dylan Chow ၏ ဆုရ ဇာတ်လမ်းတိုများနှင့်ပတ်သက်၍ ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ညနေ ၄ နာရီခွဲက ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေတောင်ကြားလမ်း အမှတ်(၅၀) ရုပ်ရှင်အနုပညာ ရပ်ဝန်းရှိ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် ဒါရိုက်တာ Mr. Dylan Chow နှင့် အတူ Music Video တွင် ကိုယ်တိုင်သီဆိုပါဝင်သရုပ်ဆောင် ခဲ့သူ အဆိုတော် မဉ္ဇူရီတို့က ဆုရရုပ်ရှင်ဇာတ်လမ်းတိုများ နှင့်ပတ်သက်၍လည်းကောင်း၊ Music Video ရိုက်ကူးခဲ့ စဉ်က အတွေ့အကြုံများ၊ အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဒါရိုက်တာ Mr.

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

ရန်ကုန်  ဇန်နဝါရီ  ၁၁

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းကြီးနှင့် Jin Gang Shan Asia Pacific General Association (ထိုင်ဝမ်၊ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား) ဗုဒ္ဓဘာသာအဖွဲ့တို့ ပူးပေါင်း၍ ပထမ အကြိမ် ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂၀၂၀ တို့ကို လှူဖွယ် ဝတ္ထုပစ္စည်းများ လောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

နေပြည်တော် ဇန်နဝါရီ ၁၁

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အထိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

ရန်ကုန် ဇန်နဝါရီ ၁၁

 

ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် ၂၀၂၀ ပြည့်နှစ်၏ ပထမဆုံးအပြာရောင်ကမ္ပည်းပြားဖြစ်သော ၃၅ ခုမြောက် ကမ္ပည်းပြားကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပန်းဘဲတန်း(ယခင် စိန်မေရီ ဒိုင်အိုစီဇင် မိန်းကလေးအထက်တန်းကျောင်း)တွင် ယနေ့နံနက် ၉ နာရီက တပ်ဆင်ဖွင့်လှစ်ခဲ့သည်။

 

မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်း

 

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

မန္တလေး ဇန်နဝါရီ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံမတ်ကြီး H.E. Mr. Ronen Gilor သည် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီက ရတနာပုံစူပါစင်တာ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI) ရုံးသို့ ရောက်ရှိပြီး သံတမန်ခန်းမတွင် MRCCI အသင်းဥက္ကဋ္ဌ ဦးကျော်မင်း၊ အထွေထွေအတွင်းရေးမှူး ဦးဥက္ကာကျော် တို့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

နေပြည်တော် ဇန်နဝါရီ ၁၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

မကွေး ဇန်နဝါရီ ၁၁

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန်အတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့ နံနက် (၉) နာရီက တိုင်းဒေသကြီးအစိုးရအဖွဲရုံး အစည်းအဝေး ခန်းမသစ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

လွိုင်လင်         ဇန်နဝါရီ   ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ၂၀၂၀ ခုနှစ် ၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်(၅ နာရီခွဲ)က ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် တက်ရောက်ပြီး သေနတ်ဖောက်ကာ တာလွှတ်ပေးကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

လွိုင်ကော်  ဇန်နဝါရီ  ၁၁

(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အက ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည (၇) နာရီတွင် လွိုင်ကော်မြို့၊ ကယားပြည်နယ်နေ့ ပွဲတော် ကျင်းပရာကွင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကစင်မြင့်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယား ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က တက်ရောက် အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်