လွိုင်လင် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ၂၀၂၀ ခုနှစ် ၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်(၅ နာရီခွဲ)က ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် တက်ရောက်ပြီး သေနတ်ဖောက်ကာ တာလွှတ်ပေးကြောင်းသိရသည်။
အဆိုပါ ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကို လွိုင်လင်ခရိုင် အားကစားကွင်းရှေ့မှ ပင်လုံမြို့ဘက်အထွက် သစ်တောပျိုး ဥယျာဉ်အထိ ထိုမှ ခရိုင်အားကစားကွင်းအတွင်းသို့ ပြန်လည် ပန်းဝင်ရောက်သည်။ ပြိုင်ပွဲသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၅၈၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သီ ၊ ခရိုင်ပညာရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ မှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
မိုးလွင်ဦး(လွိုင်လင်)