Sep 21, 2024
ယနေ့ညနေ ၅ နာရီခွဲတိုင်းထွာချက်များအရ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ထိုင်းနိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိသည်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီ အတွင်း မြန်မာနိုင်ငံ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ၂၃-၉-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
Sep 21, 2024
ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးသည့်အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ဒေသများရှိ မိုဘိုင်းဖုန်းသုံးစွဲသူပြည်သူများ ဆက်သွယ်ရေးလွယ်ကူ အဆင်ပြေချောမွေ့စေရန် အခမဲ့ဖုန်းပြောဆိုခွင့်နှင့် အခမဲ့စာတိုပေးပို့အသုံးပြုခွင့်ကို စက်တင်ဘာ ၁၃ ရက်မှစတင်၍ ခုနစ်ရက်အထိ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ယခုအခါထပ်မံ၍ ရေဘေးသင့်ဒေသများမှ ဒေသခံပြည်သူများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၇၀၀)နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၇၀၀) တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ၊ အက်တမ်မြန်မာလီမိတက် (ATOM) မှ မိုဘိုင်းဖုန်း အချင်းချင်းအခမဲ့ဖုန်းပြောဆိုခွင့် မိနစ်(၃၀၀)နှင့် အခမဲ့စာတို ပေးပို့ခွင့်အစောင်(၃၀၀)တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ၊ အူရီဒူးမြန်မာလီမိတက် (Ooredoo)မှ မိုဘိုင်းဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့်အကန့်အသတ်မဲ့နှင့် အခမဲ့စာတိုပေးပို့ခွင့် အကန့်အသတ်မဲ့တို့အား စက်တင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ၊ တယ်လီကွန်းအင်တာနေရှင်နယ်မြန်မာကုမ္ပဏီလီမိတက် (MYTEL) မိုဘိုင်း ဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောဆိုခွင့် မိနစ် (၁,၀၀၀) နှင့် အခမဲ့စာတိုပေးပို့ခွင့် အစောင် (၁,၀၀၀) တို့အား စက်တင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ အသုံးပြုခွင့်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 21, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 21, 2024
ရှမ်းပြည်နယ်သို့ ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်နေရာများသို့ စက်လှေဖြင့် ကြည့်ရှုစစ်ဆေးပြီး ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့် ပြည်သူများအား ပြည်သူ့ဆေးရုံများမှအရေးပေါ် ဆေးအဖွဲ့များနှင့် မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းမှ အထူးကုဆေးအဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
Sep 21, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံ တောင်ငူမြို့သို့ရောက်ရှိပြီး အရေးပေါ်ဆေးကုသမှုဌာန၊ အထူးကုပြင်ပလူနာဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ကျေက်ကပ်သွေးသန့်စင်ခန်းနှင့် ခွဲစိတ်ခန်းများကို သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးသည်။
Sep 21, 2024
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမနှင့် သာသနာ့ဗိမာန်တို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများသို့ သွားရောက်တွေ့ဆုံအားပေးသည်။
Sep 21, 2024
ကျန်းမာရေးဝန်ကြီးဌာနမှ စက်မှုဝန်ကြီးဌာနသို့ မှာယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများ၊ ပရိဘောဂများ ထုတ်လုပ်မှုအခြေအနေများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 21, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့သည် တာဝန်ရှိသူများ၊ အနုပညာရှင်များနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်တပ်ကုန်းမြို့ အနီးတစ်ဝိုက်နှင့် ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
Sep 21, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)ရှိ ရေဘေးသင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအတွက် အလှူငွေပေးအပ်လှူဒါန်း ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။
Sep 21, 2024
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
Sep 21, 2024
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများ၌ နေထိုင်ကြလျက်ရှိသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများပေးအပ်သည်။
Sep 21, 2024
မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
Sep 21, 2024
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန် - မန္တလေး ရထားလမ်းမကြီး၏ အချို့ရထားလမ်း တာပေါင်နေရာများနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် စက်တင်ဘာ ၁၃ ရက်မှစတင်၍ ယာယီရပ်ဆိုင်းထားရသည့် ရထားခရီးစဉ်များကို အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်နှင့်သာစည်အကြား အဆန်ရထားလမ်းပိုင်း ပြုပြင်ပြီးဖြစ်၍ လူစီးရထားနှင့် ကုန်ရထားများကို စက်တင်ဘာ ၂၀ ရက်မှစတင်ပြေးဆွဲပေးမည်ဖြစ်သည်။
Sep 21, 2024
နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက်နေထိုင်ကြသူများနှင့် ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများရှိ မိမိတို့နေထိုင်ရာ နေအိမ်များတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူများအတွက် နိုင်ငံတစ်ဝန်းရှိ အလှူရှင်များက စေတနာသဒ္ဓါ တရားထက်သန်စွာဖြင့် အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများ လာရောက်လှူဒါန်းနေသည့်မြင်ကွင်းများကို ဝမ်းမြောက်ကြည်နူးဖွယ် မြင်တွေ့ နေရပါသည်။
Sep 21, 2024
မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်မှာ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ၊ မြစ်ဝကျွန်းပေါ် ဒေသများပါဝင်သည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကျရောက်ခဲ့ခြင်းဖြစ်ရာ နယ်ပယ်ကျယ်ဝန်းသည်။ ရေဘေးကြောင့် တိမ်းရှောင်ရသူ လူဦးရေလေးသိန်းကျော်ရှိပြီး ရာနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ လက်ရှိအချိန်တွင် အချို့ဒေသများ ရေကျသွားပြီဖြစ်၍ ပြန်လည်ထူထောင်ရေးများ ပြုလုပ်နေကြပြီဖြစ်သော်လည်း အချို့ဒေသများတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေရဆဲဖြစ်သည်။
Sep 20, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 20, 2024
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်က ကျေးရွာအတွင်း နေအိမ်များမှပစ္စည်းများနှင့် ကားလမ်းမကြီးတစ်လျှောက်ရှိ ကုန်စုံဆိုင်၊ ဖုန်းဆိုင်များမှပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်ယူဆောင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Sep 20, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ရေများပြန်လည်ကျဆင်းသွားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊
Sep 20, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ “ယုံကြည်မှုများတိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအတွက် အမျိုးသမီးများကဏ္ဍ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်သို့ ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပါသည်။