Sep 23, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေပြန်ကျသွားသည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 23, 2024
ယနေ့ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားနိုင်ပြီး စက်တင်ဘာ ၂၃ ရက်တွင် ဘင်္ဂလားပင်လယ် အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
Sep 23, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Sep 23, 2024
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေး ကြောင့်ပျက်စီးခဲ့သော လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးမှုအခြေအနေ၊ လမ်း၊ တံတားများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့်ခရီးသည်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားမှုအခြေအနေနှင့် မူလအခြေအနေအတိုင်း အခိုင်အမာပြန်လည်တည်ဆောက်မည့် အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Sep 23, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ကနောင်ခန်းမ၌ ကျင်းပသည်။
Sep 23, 2024
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ကျေးရွာများသို့သွားရောက်အားပေးပြီး ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
Sep 23, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၌ ရေကြီးရေလျှံမှုများကြောင့် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးမှုနှင့်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီဓာတ်အား ဖြတ်တောက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
Sep 23, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 23, 2024
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့၌ “The Constitutional Courts and Equivalent Instituti-ons in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိကျင်းပသည့် အာရှဒေသဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC)၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Sep 23, 2024
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်ကြသည်။
Sep 23, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်ရွာငံမြို့နယ် မြို့ကြီးကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံသို့သွားရောက်ပြီး ရာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် နေ့ညမပြတ် စောင့်ကြည့်စစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရန်နှင့် ဇော်ဂျီရေသောက်စနစ်အတွင်းရှိ မိုးစပါး၊ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေးအတွက် လုံလောက်သည့်ရေပမာဏ သိုလှောင်ထားရှိရေး စီမံဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
Sep 23, 2024
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ် ပြန်/ဆက် ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေဘေးသင့်ခံရသော ညောင်ရွှေမြို့သို့ရောက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စိန်ရတုဆွမ်းစားဆောင် ရေဘေးကူညီကယ်ဆယ်ရေးစခန်းသို့ရောက်ရှိကာ ရေဘေးသင့်မိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးသည်။
Sep 23, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ရေဘေး သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့စဉ် မူလအခြေအနေပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ကဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Sep 23, 2024
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ရက်သတ္တတစ်ပတ်သာလိုပြီဖြစ်သည်။ သန်းခေါင်စာရင်းဟုအလွယ်ခေါ်ကြသည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်များ အများအပြားရှိရာ အနှစ်ချုပ်အားဖြင့် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လိုအပ်သောသတင်းအချက်အလက်များရရှိနိုင်ရန်နှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်စေရန်ပင်ဖြစ်သည်။
Sep 22, 2024
တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၌ ကျင်းပသည်။
Sep 22, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် လင်းခေးမြို့နယ်တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင်လည်းကောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နှုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 22, 2024
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
Sep 22, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 22, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၉ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာရှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၆၄၆၄၃၈) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ် (သွင်းကုန်) ၌ လူသုံးကုန်ပစ္စည်းတစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉၄၈၃၅၆၉) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၄၁၃၀၀၀၇) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Sep 22, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University-WYTU) သို့ ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အဓိပတိလမ်းမကြီးတွင် အရိပ်ရပင်များ၊ ပလက်ဖောင်းနှင့် လမ်းမီးတိုင်များဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ Master Plan ရေးဆွဲ ထားမှုအခြေအနေ၊ စာသင်ဆောင်များ၊ အားကစားပြုလုပ်ရာနေရာများ၊ အပန်းဖြေရန်နေရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ယာဉ်ရပ်နားရန်နေရာများနှင့် Drainage System ဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ ပင်မသုံးထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းနှင့် Multipurpose Hall Structure System တို့ကို ကြည့်ရှုစစ်ဆေးသည်။