Sep 24, 2024
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရထားလမ်းတာပေါင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ယာယီရပ်တန့်ထားရသည့် ရန်ကုန်-မန္တလေး ပြေးဆွဲပေးနေသော အမှတ်(၁၁)အဆန်၊ (၁၂)အစုန်အမြန်ရထားခရီးစဉ်ကို လမ်းပိုင်းပြုပြင်ပြီးသည့် အခြေအနေအရ ရန်ကုန်-သာစည်၊ သာစည် - ရန်ကုန် ခရီးစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်နေ့မှစ၍ စတင်ပြေးဆွဲပေးလျက်ရှိသည်။
Sep 24, 2024
ဝံသာနုရက္ခိတတရားဆိုသည်မှာ “မိမိနိုင်ငံနှင့် လူမျိုးကို အစဉ်စောင့်ရှောက်ခြင်း”ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဝံသာနုရက္ခိတစိတ်ဓာတ်ဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းဆောင်ခဲ့သော သမိုင်းအစဉ်အလာကောင်းများရှိ၏။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက အဆိုပါစိတ်ဓာတ်ဖြင့် ကြိုးပမ်းခဲ့သလို လွတ်လပ်ရေးရပြီးနောက်တွင်လည်း နိုင်ငံနှင့် လူမျိုးအကျိုးအတွက် အဆိုပါစိတ်ဓာတ်ဖြင့်ပင် စောင့်ရှောက်ပေးလျက်ရှိသည်။
Sep 24, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများသော မြို့နယ် ၃၅ မြို့နယ်မှ ရောဂါဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်လျက်ရှိသည့် အသက်တစ်နှစ်အထက် ပြည်သူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) စတင်တိုက်ကျွေးလျက်ရှိပြီး ဆက်လက်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေရှိသည့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူလူထုအား တိုက်ကျွေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
Sep 23, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင်လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် လွိုင်လင်လေးမြို့နယ်တို့တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နှုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။
Sep 23, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၀ ရက် နံနက် ၂ နာရီမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လပ်ချောင်းတောင်ကျရေများ မြင့်တက်လာပြီး ကျိုင်းတုံ-လွိုင်မွေကားလမ်းပေါ်ရှိ အရှည် ၆၀ ပေ၊ အကျယ် ၁၉ ပေရှိ နမ့်လပ်ချောင်းကူးသံကူကွန်ကရစ်တံတားသည် စက်တင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိဘဲ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်မှုမရှိခဲ့ကြောင်း သိရှိရသည်။
Sep 23, 2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၉ နာရီ အချိန်ကအိမ်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွေညီလာခန်းမ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့သည်။
Sep 23, 2024
ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေမြင့်တက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ရေဘေးသင့်ပြည်သူများအား ဆန် ၊ ဆီနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မိုဃ်းကောင်းဘုရားကြီးဓမ္မာရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “လွိုင်ကော်မြို့ရေကြီးရေလျှံ ဖြစ်ပေါ်မှုများသည် စူပါတိုင်ဖွန်း မုန်တိုင်း (YAGI) နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်ခဲ့သောရေများသည် ပြည်နယ်အတွင်းရှိ ချောင်းလက်တက်များ၊ မိုးဗြဲရေလှောင်တမံမှတစ်ဆင့် ဘီလူးချောင်းအတိုင်း လွိုင်ကော်မြို့နယ်အတွင်းသို့လည်းကောင်း ဝင်ရောက်ခဲ့သဖြင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း၊
Sep 23, 2024
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် လေဆိပ် (သွင်းကုန်) ၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ လုပ်ငန်းသုံးပစ္စည်းသုံးမျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုးနှင့်လက်ဝတ်ရတနာပစ္စည်း ၁၈ မျိုး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈၄၅၂၇၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
Sep 23, 2024
မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံးလိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအစိုးရကို ပိုမိုထိရောက်စွာအထောက်အကူပြု နိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင် လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။
Sep 23, 2024
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီးနှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာ စာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည် ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ်စာအုပ် စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက်ဖော်ပြသည့် “အဂတိကင်းစင်သည့် အသိုက်အဝန်းဖော်ဆောင်နိုင်ရေး” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သောသုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (စက်တင်ဘာ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
Sep 23, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Sep 23, 2024
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းကရန်ကုန်မြို့ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၌ကျင်းပသော မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဆိုင်ရာ Skills Dissemination Training on Industrial Internet of Things (IIoT) နှင့် Automation Techno-logy သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Sep 23, 2024
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်ဖြင့် အရန်ဆန် ၁၀၀၂ ဒသမ ၇၁ တန်ကို ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
Sep 23, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ မွန်းတည့်ခွင် - ကျည်တောင်- ခေါမ - ညောင်ပင်သာလမ်းပေါ်ရှိ ဇီးဖြူပင်ကျေးရွာအနီးတွင် ကတ္တရာလမ်း ရေတိုက်စားမှုကြောင့် ပျက်စီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အများပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် အမြန်ပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
Sep 23, 2024
၁။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ - ၂၂ တွင် အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်-
Sep 23, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ သွားရောက်ပြီး ရေဘေးသင့်၍ ထိခိုက်ပျက်စီးသွားသော သန့်ရှင်းသောသောက်သုံးရေဖြန့်ဝေခြင်း လုပ်ငန်းပြန်လည်ကောင်းမွန်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရိန်းယာဉ်တင်လေမှုတ်စက်ကြီးဖြင့် အနက်ပေ ၄၀၀ တွင်းနက်အား တွင်းဆေးတွင်းမှုတ် ပြုလုပ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ရေကျသွားပြီဖြစ်သော ကျေးရွာတွင်းလမ်းများနှင့် ဘက်စုံသုံးခန်းမအတွင်းမှ သဲနုန်းများ ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း၊ ကျေးရွာမူလတန်းလွန်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ရှင်းလင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်းကောင်း၊ ကျေးရွာအတွင်း ကျန်ရှိနေသောရေများ ထုတ်ပစ်နိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသော လုပ်ငန်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
Sep 23, 2024
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများ၊ မြို့ရှောင်လမ်းမှ ကွမ်းခြံကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပျက်စီးမှုများအား ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 23, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ရေဘေးသင့်ပြည်သူများအား မရှိခဏဆရာတော်ဦးဆောင်၍ ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းမှ ယမန်နေ့နံနက် ၁၀ နာရီက ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။