COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Oct 24, 2020
(၂၃-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၄-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၂၃၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၄၂၃)ဦး တွေ့ရှိရပါသည်။
Oct 24, 2020
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲခြင်းလုပ်ငန်းများ အတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် မူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ အမြင်ချင်းဖလှယ် ညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 24, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် ပြည်ပ နိုင်ငံအရပ်ရပ်၌ စာချုပ်သက်တမ်းကုန်လွန်၍ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာ သင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀)နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၇၉)ဦး၊ ဗြိတိန်မှ (၂၉)ဦး၊ အင်ဒိုနီးရှားမှ (၈)ဦး၊ ဘယ်လ်ဂျီယံမှ (၅)ဦး၊ ကနေဒါမှ (၃)ဦး၊ ဩစတြေးလျမှ (၂)ဦး၊ စင်ကာပူမှ (၁)ဦး၊ ဘရာဇီးလ်မှ (၁)ဦး၊ Trinidad and Tobago မှ (၁)ဦး၊ အီတလီမှ (၁၀)ဦး၊ အီဂျစ်မှ (၂)ဦး၊ ပနားမားမှ (၁)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁)ဦး ၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၄၃)ဦး လိုက်ပါ ခဲ့ကြပါသည်။
Oct 24, 2020
(၂၃-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၆၁) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Oct 24, 2020
စင်ကာပူရှိ မြန်မာသံရုံးနှင့် တိုကျိုမြို့ရှိ မြန်မာသံရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန် ချောအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။
တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း
Oct 24, 2020
နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက တပ်ကုန်းမြို့ရှိ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ ကျင်းပသည်။
Oct 24, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွှဲ ၂ နာရီခွဲက နောင်ချိုမြို့အဝင် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Oct 24, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြို့ပင်ကောက်မြို့ တိုင်းရင်းဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအား ယမန်နေ့ ညနေ ၆ နာရီအချိန်က ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 24, 2020
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ယမန်နေ့နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Oct 24, 2020
မြန်မာရုပ်ရှင်ချစ်ပရိသတ်များ စွဲလမ်းနှစ်သက်ခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင် ဇာတ်ကား ကို ကိုရီးယားရုပ်ရှင်ကောင်စီက Digitization ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့တွင် ၎င်းဇာတ်ကား၏ Digital Version နှင့် မူရင်းဖလင်များကို ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။