Nov 09, 2020
ယနေ့ကျင်းပသည့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနေ့တွင် ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက် အမှတ်(၇) မူလတန်းလွန်ကျောင်း တွင် ဖွင့်လှစ်ထားသည့် မဲဆန္ဒနယ် အမှတ်(၂) ရှိ မဲရုံ ၂၊ ၃၊ ၄၊ ၅ တို့တွင် နံနက် ၆ နာရီ မဲရုံစတင် မဖွင့်မီကတည်းက မိမိတို့နိုင်ငံသား အခွင့်အရေးအတွက် မဲပေးလိုသူပြည်သူများ စောင့်ဆိုင်း နေကြသည်။
Nov 09, 2020
ယနေ့ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၅၉ သိန်းကျော်ရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
Nov 09, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှ စတင်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကျင်းပခဲ့ရာ ညနေပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီး၌ ဆန္ဒမဲ လက်မှတ်များကို ရေတွက်လျက်ရှိကြောင်း သိရသည်။
Nov 09, 2020
မြန်မာနိုင်ငံသားတို့မျှော်လင့်နေကြသော ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီ။ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်တို့တွင် ပေးခဲ့သော မဲအရေအတွက် စာရင်းများကို စတင်ရေတွက်နေပြီလည်းဖြစ်၏။ ထိုမဲစာရင်း တို့၏ ရေတွက်ပြီးရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မကြာမီတွင် ကြေညာ ထုတ်ပြန် တော့မည် ဖြစ်ပါသည်။
Nov 09, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ စိန်ခေါ် မှုများကြား၊ အနှောင့်အယှက်၊ အတိုက်အခိုက်၊ အခက်အခဲများကြားမှ ရွေးကောက်ပွဲများကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့သည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများ အားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်သည်။
Nov 08, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပရာ တပ်မတော်သားများနှင့် မိသားစုဝင်များ သည်လည်း သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ် ချက် များနှင့်အညီ ဆန္ဒမဲများပေးခဲ့ကြသည်။
Nov 08, 2020
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပေးပို့ထားသည့် ကြိုတင် ဆန္ဒမဲ လက်မှတ်များကို ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရေတွက် ခဲ့ကြောင်း သိရသည်။
Nov 08, 2020
(၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၈-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၃၆၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁,၀၂၉) ဦး တွေ့ရှိရပါသည်။
Nov 08, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ (၁၀၅)မိုင်၌ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်နိုင်ရန် စောင့်ဆိုင်း နေကြသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် အထွေထွေရွေးကောက်ပွဲကျင်းပရက် နိုဝင်ဘာ (၈)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်ခန့်က ဆန္ဒမဲပေးခွင့်ရနိုင်ရန်အတွက် အုပ်စုဖွဲ့၍ မူဆယ်မြို့၊ (၁၀၅)မိုင် အုပ်ချုပ်ရေးမှူးရုံး၌ တောင်းဆိုမှုဖြစ်ပွားခဲ့ရာ ရွေးကောက်ပွဲနည်းဥပဒေလမ်းစဉ်နှင့် ညီညွတ်ခြင်း မရှိသည့် အတွက် ဆန္ဒမဲပေးပိုင်ခွင့် ပြုမည်မဟုတ်ကြောင်း မူဆယ်မြို့၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
Nov 08, 2020
၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ယနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နံနက် ၆နာရီမှ ညနေ ၄နာရီအထိ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ အေးချမ်း လွတ်လပ်စွာဖြင့် ဆန္ဒမဲ များပေးခဲ့ကြသည်။