Skip to main content

Nov 11, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန၊ မြို့နယ်အဆင့်အကြီးအကဲများနှင့် တွေ့ဆုံကာ ဒေသဖွံဖြိုး ရေးလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2020

ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကသိုလ်သည် အသက်ကြီးလှပါပြီ။ တက္ကသိုလ်သို့ ကျွန်မတို့ ရောက်စက အဓိပတိလမ်းတစ်လျှောက်မှ ရေတမာပင်လေးတွေ သည် ငယ်ငယ်လေး ရှိကြသေးသည်။ ယခုကဲ့သို့ အရပ်မမြင့်ကြသေး။ ပုပုဝိုင်းဝိုင်း၊ ရွက်စိမ်းနုနုအုပ်အုပ်နှင့် အပျိုပေါက်ကလေး ပမာ ချစ်စရာကောင်းပါဘိခြင်း။ ကံ့ကော်ပင်လေးတွေကလည်း အရွယ်ကောင်းတုန်း၊ ဖူးကြ ပွင့်ကြတုန်း။ သစ်ပုပ်ပင်ကြီးကတော့ အသက်ရှည်ပါပဲ။ သူ၏ အိုမင်းပုံက လှလွန်းပါသည်။ သူ့ကိုမြင်လျှင် သူ့အနားမှာ ဓာတ်ပုံရိုက်ချင်သည်၊ သူ့အရိပ်မှာခိုချင်သည်၊ သူနှင့်ပတ်သက်မှု ရှိခဲ့ကြောင်း သက်သေကျန်ခဲ့ချင်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2020

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန် အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးမှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း များအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနက် တက်တက်ကြွကြွ နိုးနိုးကြားကြား တာဝန်ကျေပွန်စွာ ပါဝင်ခဲ့ကြသော အဓိကကျသည့် ပြည်သူလူထုအပေါင်းတို့ကို ဦးစွာဂုဏ်ပြ ကျေးဇူးတင်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အားလုံးနှင့် ပါဝင်ကူညီ ဆောင်ရွက်ကြသော အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2020

ရွေးကောက်ပွဲပြီး၍ မဲအနိုင်အရှုံးစာရင်းများကို ထုတ်ပြန်ကြေညာနေပြီ။ အပြီးအပြတ် ရေတွက်မှု မပြီးဆုံးသေးဘူးဆိုသော်လည်း ရေတွက်ပြီးသလောက်နှင့် ထုတ်ပြန်မှုများအရ အနိုင်ရပါတီကို ခန့်မှန်းသိရှိနေကြပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုတွင် တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်ပြီဟု သိနေကြရ ပါပြီ။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2020

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၌ ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအနက် အရေးပေါ်ယာဉ်များဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူများ၊ ရောဂါပိုးရှိကြောင်း သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ဆက်စပ်သူများအား သယ်ယူ/ပို့ဆောင် ပေးခြင်းလုပ်ငန်းတွင် တာဝန် ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်း မော်တော်ယာဉ်မောင်းများနှင့် ယာဉ်ပေါ်တွင် လိုက်ပါ ကူညီဆောင်ရွက် နေသောစေတနာ့ဝန်ထမ်းများအား အသိပညာပေးအစီအစဉ်ကို ယနေ့ မွန်းလွဲပိုင်းတွင် Zoom Meeting ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားများ မြို့နယ်အုပ်ချုပ်ရေးမှူး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တောင်ငူခရိုင် ထန်းတပင် မြို့နယ်၌ စစ်တောင်းတံတားအမှတ်(၃) ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင် ယနေ့ နေ့လယ် ၁၁ နာရီက  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်