Skip to main content

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ထန်းတပင်၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ထန်းတပင် (ပဲခူး) နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားများ မြို့နယ်အုပ်ချုပ်ရေးမှူး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ တောင်ငူခရိုင် ထန်းတပင် မြို့နယ်၌ စစ်တောင်းတံတားအမှတ်(၃) ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင် ယနေ့ နေ့လယ် ၁၁ နာရီက  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ထန်းတပင်မြို့နယ်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပြီးစီးမှု အခြေအနေများ၊ ကိုဗစ်-၁၉ဖြစ်ပွားအခြေအနေ၊ ကာကွယ်ရေး၊ ကုသရေး၊ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးကြပြီး လွှတ်တော် ကိုယ်စားလှယ် များ၏ တင်ပြဆွေးနွေးမှုအပေါ် ဝန်ကြီးချုပ်က ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဝန်ကြီးချုပ်မှ ထန်းတပင်မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင်နေသည့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)