Nov 23, 2020
(၂၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၂၁၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၂၅၉) ဦး တွေ့ရှိရပါသည်။
Nov 23, 2020
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူသည်။
Nov 23, 2020
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူ (IDPs)များ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရာတွင် UN Agency များ၏ ကဏ္ဍအလိုက် ညှိနှိုင်းမှုသေချာစေရေး အတွက် နည်းပညာ ဆိုင်ရာညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန်နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 23, 2020
(၂၂-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၃၉၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Nov 23, 2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် (၁၀) နာရီက
Nov 23, 2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀) အချိန် က လယ်ဝေးမြို့ ဘုရားကြီးကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Nov 23, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား ၁၂၀ အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း ၁၂၉ ဦးအား ဟောင်ကောင် မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အစီအစဉ်ဖြင့် (၇) ကြိမ်မြောက်အဖြစ် China Airlines လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Nov 23, 2020
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနားကို Virtual Event စနစ်ဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့်ကျင်းပခဲ့သည်။
Nov 23, 2020
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်းဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပသည်။
Nov 23, 2020
Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာနများသို့ ငွေကျပ်သိန်း ၁၃၄၃၀ နှင့် နှလုံးခုန်စက် ငါးလုံး၊ အောက်ဆီဂျင်စက် ၁၁၇ လုံး ပေးအပ်လှူဒါန်း ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park ရှိ Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့ရုံး၌ ကျင်းပသည်။