Nov 22, 2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှမ်း ပြည်နယ် မဲဆန္ဒနယ်အမှတ်-၁ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးထိုက်ဇော်သည် ယနေ့ ညနေ ၆ နာရီ ကျော်ခန့်က ကျောက်မဲမြို့နယ် ပင်တိန် ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု ကြောင့် သေဆုံးသွားခဲ့ကြောင်း သိရ သည်။
Nov 22, 2020
ရခိုင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ၏ (၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်က စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။
Nov 22, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်ချက် (Version4.0) နှင့် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏ စစ်ဆေးချက်ပုံစံ (၁၈) ချက်တွင် မိမိလုပ်ငန်းခွင်နှင့် လိုက်လျော ညီထွေရှိသည့်အချက်များကို လိုက်နာဆောင်ရွက်ထားပါက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၏ ပြောကြားချက်အရ သိရသည်။
Nov 22, 2020
နိုဝင်ဘာ ၈ရက်။ ထိုနေ့သည် တစ်နိုင်ငံ လုံး စိတ်လှုပ်ရှားရသည့် နေရက်ဖြစ်သကဲ့သို့ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ သတင်းပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများလည်း အလားတူ စိတ်လှုပ်ရှားရသည့် နေ့ရက်ဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းရယူ ရန် ဌာနအကြီးအကဲများ၏ အမှာအကြား များ၊ မြန်မာ့သတင်းစဉ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းအဖွဲ့ များနှင့် အနယ်နယ်အရပ်ရပ်ရှိ သတင်းထောက် များထံမှ ပေးပို့လာသည့် သတင်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာသည့် သတင်းအချက် အလက်များကို စိစစ်ကာ စာမျက်နှာများတွင် ထည့်သွင်းဖော်ပြကြရန် မိမိတို့ ပြင်ဆင် ကြရသည်။
Nov 22, 2020
ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်ဒုတိယလှိုင်း စတင်ခဲ့သည့်အချိန်မှစ၍ ရောဂါကူးစက်မှုနှုန်း မြင့်တက်လာခဲ့ပြီး လူသေဆုံးမှုများလည်း များပြားလာခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် စီမံချက်များချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Nov 22, 2020
လူသားတို့ရဲ့ အသိပညာ၊ အတတ်ပညာတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက်အဆင့်မြင့်ပညာတွေကို အစဉ်မပြတ် ဖြန့်ဝေပေးခဲ့တဲ့ အထင်ကရ ပညာ့ဗိမာန် ရန်ကုန်တက္ကသိုလ်ကြီးဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်(၁၀၀)ပြည့်ပါပြီ (တာဝန်ခံပါမောက္ခချုပ်ဆရာကြီး ဒေါက်တာထွန်းခင်)
ရန်ကုန်တက္ကသိုလ် (၂၀၀၆-၂၀၀၈)တွင် တာဝန်ခံပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီးဒေါက်တာထွန်းခင်နှင့် တွေ့ဆုံမေးမြန်းခြင်း
တွေ့ဆုံမေးမြန်း - မွန်းဦးနဒီ
Nov 22, 2020
အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အမျိုးသားအဆင့်စီမံကိန်း ဦးဆောင် ကော်မတီ- NPSC ၏ ဒုတိယအကြိမ် အစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ရုံးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
Nov 22, 2020
နေပြည်တော် နိုဝင်ဘာ ၂၁
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၆ ဦးအား နယူးဒေလီမြို့ရှိ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Nov 22, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ ယခုရက်ပိုင်းအတွင်း၌ ကူးစက်ဖြစ်ပွားနှုန်းတက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ရွေးကောက်ပွဲ မတိုင်မီကာလက ရောဂါဖြစ်ပွားမှုမှာ တွေ့လူနာ နေ့စဉ် တစ်ထောင် ဝန်းကျင်နှင့်အောက်ရှိခဲ့ရာမှာ ရွေးကောက်ပွဲအပြီး တစ်ပတ်၊ ဆယ်ရက်ကြာသည်နှင့် ပိုးတွေ့လူနာ နေ့စဉ်တစ်ထောင့်ငါးရာနှင့် အထက် ရှိလာသည် ကို တွေ့ရသည်။
Nov 22, 2020
ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု အရှိန်မြင့်မားကာ ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်အန္တရာယ်ပြု သည့် အချိန်မှစ၍ နိုင်ငံတကာက နိုင်ငံရေးခေါင်းဆောင်များ၊ ကျန်းမာရေးဆိုင်ရာ နားလည်တတ်ကျွမ်း သူပညာရှင်များ၊ သုတေသနသမားများ စသည့် ကဏ္ဍအသီးသီး၊ ပညာရပ်နယ်ပယ်အသီးသီးက ရှိသမျှစွမ်းအားမျိုးစုံ ထုတ်ကာ ကိုဗစ်ဘေးကို ကာကွယ်တားဆီးရန်၊ ထိန်းချုပ်ရန်ကြိုးပမ်း ခဲ့ကြသည်။