Skip to main content

Nov 24, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၉၃ ဦး၊ စုစုပေါင်း ၃၈၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၃၇ ဦး အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၅၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈၈ ဦး၊ အမျိုး သမီး ၁၈၆ ဦး၊ စုစုပေါင်း ၄၇၄ ဦးတို့ကိုလည်းကောင်း အသီးသီးလက်ခံခဲ့ကြ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒီပလိုမာ စာရင်းကိုင် (Diploma In Accounting- DA) (ပထမပိုင်း) သင်တန်းအမှတ်စဉ်- ၄၁ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်း ခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို မိမိတို့ အစိုးရနှင့်အတူ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းအားထုတ်နေကြသည်။ နိုင်ငံတော်နှင့် လူမှု အသိုက်အဝန်းများ တိုးတက် ဖွံ့ဖြိုးကောင်းမွန်လာရေးတွင် ပြင်ပမှ အကူအညီ အထောက်အပံ့များရှိခဲ့သော်လည်း နိုင်ငံ တိုးတက်ရေးကို မိမိတို့ကိုယ်တိုင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုးစားအားထုတ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 24, 2021

NUG အကြမ်းဖက်အဖွဲ့အစည်း၏ ရန်ကုန်တိုင်းတာဝန်ခံ မောင်ကျော် (ခ) ဖြိုးဇေယျာသော်ကို ဖော်ထုတ်ဖမ်းဆီးမိလိုက်ခြင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ထပ်မံဖြစ်ပေါ်လာဖွယ်ရှိသော အကြမ်းဖက်မှုဖြစ်စဉ်များကို ရပ်တန့်သွားစေသည်။ NUG မှ ရည်မွန်၊ ဇော်ဝေစိုး၊ လွင်ကိုလတ် တို့ကစေခိုင်းသည့် အကြမ်းဖက်လုပ်ငန်း (Mission) များကို ဖြိုးဇေယျာသော် ဦးစီးသည့် Special Tesk Force (STF) နှင့် People Defence Force (PDF) အကြမ်းဖက်အဖွဲ့အစည်းတို့က မြေပြင်တွင် အကောင်အထည် ဖော်ကြခြင်း ဖြစ်သည်။ မောင်ကျော် (ခ) ဖြိုးဇေယျာသော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် တရားခံ ကျားမ စုစုပေါင်း ၅၀ နှင့် လက်နက်ငယ် အတို အရှည် ရာနှင့်ချီ၍၊ ဗုံးသီးများ၊ ဗုံးများ၊ မိုင်းများ၊ ယမ်းများ၊ သောင်းနှင့်ချီသည့် ကျည်ဆန်များ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်ဖောက်ခွဲသတ်ဖြတ်ရေး စာရင်းများအပါအဝင် လူနှင့် လက်နက်ခဲယမ်းပမာဏမှာ ကြီးမားသည့် ပမာဏဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း၏ ဆောင်ရွက်မှုများ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၌ ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် ၃ နေရာ ခွဲခြား၍ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံ (၁၃) နိုင်ငံတွင် တာဝန်ထမ်းဆောင် နေကြသော မြန်မာစီးပွားရေးသံမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ (ပထမနေ့) ကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 23, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် မြဝတီ ကုန်သွယ်ရေး ဇုန်တို့မှ တင်သွင်းရာ၌ကုမ္ပဏီ(၁)ခု ယာဉ်စီးရေ(၁)စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်(၁) စီးဖြင့် တန် (၂၀) ၊ အောက်ဆီဂျင် (အိုးခွံ) (၁၄၁၀)၊ အောက်ဆီဂျင်(Plant) (၉) ခုနှင့် လက်အိတ်(၆)တန် တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၁)စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက်ဆီဂျင် (Plant) (၉) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်