Skip to main content

Nov 29, 2021

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအချို့က နိုဝင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံနှင့် ပက်သက်သည့် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်လိုက်သည့်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ ပူးတွဲကြေညာချက်တွင် အစိုးရ ဆန့်ကျင်သူများကို တပ်မတော်က အင်အားအလွန်အကျွံ သုံးစွဲချေမှုန်းနေကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း စသည့်အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရဆန့်ကျင်နေသူများ၊ အကြမ်းဖက်အဖွဲ့များထံမှ ရရှိသည့်အချက်များကို အခြေခံထားခြင်းဖြစ်ရာ မှန်ကန်မှု မရှိသော အချက်များပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

အင်တာပိုလ်၏ ဖိတ်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ဦးဆောင်၍ အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသည့် (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေ ညီလာခံ (89th Session of INTERPOL General Assembly) သို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/ မန္တလေး) တို့၏ (၂၆) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁ဝ/၂ဝ၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်ထောင်စု

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

ငါသယံဇာတများ ရေရှည်တည်တံ့ပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှု မြင့်မားတိုးတက်စေရေးနှင့် ဒေသတွင်းငါးစားသုံးမှု ပိုမိုဖူလုံလာ စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ နိုဝင်ဘာ ၂၄ ရက် နံနက် ၈ နာရီက ရေဦးမြို့ ရေဦးမူးမြစ်တံတားအနီး မူးမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2021

မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ “မြန်မာ့ရှေ့ဆောင်”ဘဏ်၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် အမျိုးသား ၂ ဦးက ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်အတွင်းဝင်ရောက်၍ ငွေကျပ် သိန်း ၁၀၀၀ ကျော်အား ဓါးပြတိုက်မှုဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်