Dec 04, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသူကျောင်းသား ကလေးငယ်များ ပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက် ရှိကြသည်။ သို့ရာတွင် အခြေခံအကြောင်းအရာကြီး နှစ်ချက်ကြောင့် ရာခိုင်နှုန်းပြည့်သင်ယူ နိုင်ကြခြင်းမရှိသေး။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်အချို့တွင် ကျောင်းများ ပြန်လည်မဖွင့်လှစ် နိုင်သေးသကဲ့သို့ လုံခြုံရေးအခြေ အနေအရ ကျောင်းမဖွင့်နိုင်သေး သည့် မြို့နယ်များလည်း ရှိနေသည်။
Dec 04, 2021
သုံးလောကထွတ်ထား ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာဟူသော ပိဋကတ်သုံးဖြာ တရားရတနာနှစ်ရှည်ကြာတည်တံ့မှ သာသနာတော် ထွန်းလင်း တောက်ပပေလိမ့်မည်။ သာသနာတော် အရှည်ခံရန် မျှော့်ရွယ်ရည်လျက် ရှေးရှေးအစဉ်အဆက်မှ ယနေ့ထက်ထိ သာသနာပြု မင်းတို့သည်သာသနာ့ဂုဏ်ဆောင် မဟာထေရ်မြတ်များနှင့် သာသနာပြုပုဂ္ဂိုလ်တို့ကို “သာသနာနုဂ္ဂဟ” ချီးမြှင့်ထောက်ပံ့လျက်ရှိသည်။
Dec 03, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Dec 03, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Dec 03, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ ကုမ္ပဏီ (၂)ခု၊ ယာဉ်စီးရေ (၃) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁)စီး ဖြင့် တန် (၂၀) ၊ အောက်ဆီဂျင် Plant (၁)ခု၊ အောက်ဆီဂျင် (အိုးခွံ) အခု (၁၅၀) နှင့်
Dec 03, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး နှင့်အတူ အောက်တိုဘာ (၃၀)ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲ အသုံးတော်ကျေးရွာ အုပ်စု၊ နမ့်ကွတ်ကျေးရွာရှိ ရှမ်းရိုးမ မွေးမြူရေးဇုန်(၂) သို့ရောက်ရှိကြပြီး ဇုန်အတွင်း ဆောင်ရွက်ထားရှိသော မွေးမြူရေး လုပ်ငန်းများ၊ ခေတ်မီနည်းစနစ်ဖြင့် မွေးမြူထားသော ဥစားကြက် မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးသည်။
Dec 03, 2021
နိုင်ငံတော်၏ ဦးတည်ချက်တစ်ရပ်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးဟူသည့် လူမှုရေးဦးတည်ချက်ကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်နိုင်ရေးနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို ကျန်းမာကြံ့ခိုင်သော လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးရာ နိုင်ငံဝန်ထမ်းအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်ဝန်ကြီးဌာန ဖူဆယ်ဘောလုံးကစားကွင်းဖွင့်ပွဲနှင့် ပထမအကြိမ် ပြည်ထောင်စု ဝန်ကြီးဖလား ဖူဆယ် ဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
Dec 03, 2021
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်း အနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Dec 03, 2021
အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပသည်။
Dec 03, 2021
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။