Skip to main content

Dec 04, 2021

အမျိုးသားမြေအသုံးချမှုကောင်စီ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

CRPH နှင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများ အား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိက ပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန် လျက်ရှိသည်။ထိုသို့ အကြမ်းဖက် အဖွဲ့များ၏ အကြောင်းမဲ့မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ နေအိမ် ၃၆၀ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDFအမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တယ်လီဖုန်း တာဝါတိုင်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ် များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုး ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအတွက် ငွေကြေးထောက်ပံ့ကာ နောက် ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်းမျာ နှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဇေယျာနောင်(ခ) နောင်နှင့် မနန္ဒာအောင်(ဘ)ဦးသန်းစိုးတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဩဂုတ်လအတွင်း ဆူပူ ဆန္ဒပြမှုဖြစ်စဉ်များတွင် တတ်ကြွစွာ ပါဝင်လှုပ်ရှားခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ် ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ငွေကြေး ကောက်ခံ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)အရ ဒီဇင်ဘာ ၂ ရက်တွင် ၎င်းတို့ ၂ ဦးအား “ထောင်ဒဏ်တစ်သက် ” ပြစ်ဒဏ်အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်(၁၁) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ British High Commission ၏ ပံ့ပိုးမှုဖြင့် မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ကမကထ ပြုလုပ်ကျင်းပသော “အကျဉ်းထောင်ပြုပြင် ပြောင်းလဲ ရေးနှင့် စပ်လျဉ်းသည့် ဒေသတွင်း ဆွေးနွေးပွဲ” (Regional Conference on Prison Reform) ကို နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက် အထိလည်းကောင်း၊ အရှေ့တောင် အာရှအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ ၂၀၂၁ ခုနှစ်အတွက် ဖိုရမ်၏အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက် လျက်ရှိသော မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်ကျင်းပသော အရှေ့ တောင်အာရှ အမျိုးသားလူ့အခွင့် အရေးအဖွဲ့ အစည်းများ ဖိုရမ် (Southeast Asia National Human Rights Institutions Forum -SEANF) ၏ (၁၈) ကြိမ် မြောက် နှစ်ပတ်လည်အစည်း အဝေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိလည်းကောင်း hybrid format ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့်အတူ နိုဝင်ဘာ ၂၉ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည့် မဂ္ဂဇ-ခေါင်လန်ဖူး၆၅ မိုင် ၄ဖာလုံ လမ်းဖောက်လုပ် ခြင်း လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန် မန္တလေး) တို့မှ ၁၃၈၃-၈၄ ခု၊ ပညာသင်နှစ် ကျောင်းဖွင့်ရက်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားရဟန်းတော်များ အဆောင် ပြန်ဝင်ရက်ကို ၁၃၈၃-ခုနှစ်၊ နတ်တော်လပြည့် ကျော် ၁၊ ၂၊ ၃ ရက်၊ ဒီဇင်ဘာ ၁၉၊ ၂၀၊ ၂၁ ရက်တို့ကို သတ်မှတ်ထားပါကြောင်း သာသနာ တော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 04, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်း နိုင်ရေးအတွက် အချိန်နှင့်တစ်ပြေး ညီစီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နှင့် မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ ကုမ္ပဏီ နှစ်ခု၊ ယာဉ်သုံးစီးဖြင့် အောက်ဆီ ဂျင် (အရည်) Bowser ယာဉ် တစ်စီးဖြင့်တန် ၂၀၊ အောက်ဆီဂျင် Plantတစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) အခု ၁၅၀ နှင့် နှာခေါင်းစည်း (Mask) ၀ ဒသမ ၀၅ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန် မြို့သို့ဖြစ်ပြီး အောက်ဆီဂျင် Plant တစ်ခုမှာ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ မန္တလေးမြို့သို့ဖြစ် ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်