Jan 16, 2022
စက်မှုမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ အတိုင်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ သလ္လာဝတီလမ်းရှိ Center of Excellence ၌ ကျင်းပသည်။
Jan 16, 2022
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ဒေသခံ ပြည်သူများအား ရန်ကုန်မြို့အခြေစိုက် International Committee of the Red Cross (ICRC) မှ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းတွင် မယ်ထော်သ လေးကျေးရွာ၊ သီရိမင်္ဂလာဓမ္မဗိမာန်တော် ဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံ၍
Jan 16, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်း ၁၂၀ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၉ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၇၀ ဦးတို့ကိုလည်း ကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်သို့ ပြန်လည်ဝင်ရောက်သူ အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၉၂ ဦး၊ စုစုပေါင်း ၂၀၇ ဦးတို့ကို လည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။
Jan 16, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၁)ကြိမ်မြောက် သတင်းစာရှင်း လင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော ်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
Jan 16, 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၄ ရက်နှင့် ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်း ခန်းမနှင့် လားရှိုးမြို့ မြို့တော်ခန်းမတို့၌ ပြုလုပ်ရာ တပ်မတော်မှ ပါရဂူများ၊ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဘာသာမရွေးလူမှုကူညီရေးအသင်း (ရှမ်းမြောက်)မှ ကျန်းမာရေးဝန်ထမ်းများ၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)တို့နှင့် ပူးပေါင်း၍ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးပေးခြင်းနှင့် ဘီပိုး ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။
Jan 16, 2022
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်အထည် ချုပ်စက်ရုံ (ပျဉ်ပုံကြီး) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ နယ်မြေခံ တပ်၌ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
Jan 16, 2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် (ပထမအကြိမ်) ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော် စွယ်တော်တိုက်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
Jan 16, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုတိုပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာမ နန္ဒာခင် (သက္ကလမြေ) ၏ “အဖေ့ခြံ နှင့် အခြားရသ ဝတ္ထုတိုများ” စာအုပ်၊ ကလေးစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကန့်ဘလူ ခင်မောင်ဆွေ၏ “စက္ကူကျားနှင့်ရွှံ့ရုပ်နွား ကလေးကဗျာများ” စာအုပ်နှင့် ဝတ္ထုရှည် ဒုတိယဆုရရှိသည့် စာရေးဆရာ မောင်အင်း (ဥက္ကံ) ၏ “သဲရေစစ်” စာအုပ်တို့ကို ဖြန့်ချိရောင်းချလျက် ရှိသည်။
Jan 16, 2022
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့် ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ် ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက် ရှိပါသည်။