Skip to main content

လားရှိုးမြို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော် ဇန်နဝါရီ ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၄ ရက်နှင့် ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်း ခန်းမနှင့် လားရှိုးမြို့ မြို့တော်ခန်းမတို့၌ ပြုလုပ်ရာ တပ်မတော်မှ ပါရဂူများ၊ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ဘာသာမရွေးလူမှုကူညီရေးအသင်း (ရှမ်းမြောက်)မှ ကျန်းမာရေးဝန်ထမ်းများ၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)တို့နှင့် ပူးပေါင်း၍ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးပေးခြင်းနှင့် ဘီပိုး ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးသည်။

 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်