Jan 25, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jan 25, 2022
ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 25, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၈)နှင့် အဆင့်မြင့်အရရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၉)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) နီလာခန်းမ၌ ကျင်းပသည်။
Jan 25, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုသည်။
Jan 25, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jan 25, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jan 25, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ (အကြံပေး) အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်တို့နှင့်အတူ ယနေ့ညနေပိုင်းတွင် အစိုးရ စက်မှုလက်မှု သိပ္ပံ (ကျောက်ဖြူ) ရှိ အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Jan 25, 2022
မြန်မာနိုင်ငံတွင် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ မိမိတို့ ရည်မှန်းချက် အောင်မြင်ရေး၊ အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ ပြည်သူများ စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်စေရန်အတွက် မြို့ရွာသို့ အလစ်အငိုက်ထိုးဖောက် ဝင်ရောက်ပြီး တိုင်းပြည်ကို ဖျက်ဆီးနေသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများ၏ လုပ်ရပ်များကို မြင်တွေ့ကြားသိကြရမည် ဖြစ်သည်။
Jan 25, 2022
ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး ဆောင်ရွက်လျက်ရှိရာ လာမည့် ၂၀၂၃ ခုနှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်းအဝေးတွင်မြောက်ဦးဒေသကမ္ဘာ့ အမွေအနှစ်စာရင်းဝင်သည့် ကိစ္စမှာ အဆုံးအဖြတ် ဖြစ်လာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ရှေးပျူ မြို့ဟောင်းများသည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂ ရက်တွင်လည်းကောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်တွင်လည်းကောင်း ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည့်အတွက် မြောက်ဦးသည် မြန်မာနိုင်ငံ၏ တတိယ မြောက်ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာမည် ဖြစ်သည်။
Jan 24, 2022
ကယားပြည်နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့ အချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် လွတ်ကင်းသည့် နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော် မြို့ပေါ်အပါအဝင် အဆိုပါဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများအား နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ ၂၂၂ ဦးတို့သည် ၎င်းတို့ နေရပ် အသီးသီးသို့ ထပ်မံ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။