နေပြည်တော် ဇန်နဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အရာထမ်း၊ အမှုထမ်း ၄၅ ဦးတို့သည် ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ သွားရောက် လေ့လာသည်။
ရှေးဦးစွာ Conference Room ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက နှုတ်ခွန်းဆက် ပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင်က ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ သတင်းနှင့် အစီအစဉ်များ ထုတ်လွှင့်မှု အခြေအနေကို ပါဝါပွိုင့်ဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ ရုပ်သံထုတ်လွှင့်နေမှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
သတင်းစဉ်