Feb 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဦးစောဒန်နီရယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဉီးဇော်မျိုးတင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများ လိုက်ပါ၍ လွိုင်ကော်မြို့ရှိ RCခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ကေ့ထိုးဘိုး(တံခွန်တိုင်) အဖွဲ့များမှ ဘာသာ ရေးခေါင်းဆောင်များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။
Feb 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ကယားပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ မြို့နာမ် ရွှေစေတီတော်အား သွားရောက်ဖူးမြှော် ကြည်ညိုသည်။
Feb 04, 2022
နိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ရေးနှင့်စီးပွားရေးသည် အပြန်အလှန် အမှီသဟဲပြုလျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျှင် ကာကွယ်ရေး စွမ်းအား မြင့်မားပြီး ကာကွယ်ရေးစွမ်းအား မြင့်မား တိုးတက်လျှင် နိုင်ငံနှင့်လူမျိုးကို အလုံးစုံကာကွယ်စောင့်ရှောက်နိုင်သည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ
Feb 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များဖြစ်ကြသည့် ဦးစောဒန်နီရယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကယား ပြည်နယ်ဝန်ကြီးချုပ် ဉီးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ တာဝန်ရှိသူများ လိုက်ပါ၍ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင်ဌာနဆိုင်ရာဝန်ထမ်းများ အားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ယနေ့ နံနက်ပိုင်းတွင် တို့၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
Feb 04, 2022
စနစ်တကျ ချွေတာသုံးစွဲ နေ့စဉ်လူမှုဘဝများတွင် ရေနှင့်မီး(လျှပ်စစ်)တို့က မရှိမဖြစ် အရေး ကြီးသည်။ သန့်ရှင်း၍ ဘေးကင်းသည့်သောက်သုံးရေနှင့် လျှပ်စစ် မီးတို့ကို မိမိတို့နိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသအသီးသီးတို့ရှိ အိမ်ထောင်စုများအားလုံး သုံးစွဲခွင့်မရရှိသေး။ အိမ်တိုင်း၊ မိသားစုတိုင်း သောက်သုံးရေရရှိရေးနှင့် လျှပ်စစ်မီး ရရှိရေးအတွက် ကြိုးပမ်းနေရဆဲအခြေ အနေတွင်သာ ရှိသေးသည်။
Feb 03, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 03, 2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား မလိုလားသူ အကြမ်းဖက်သမားများက အခြေခံ ပညာအထက်တန်း ကျောင်းခွဲမှ သင်ရိုးညွှန်တမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Feb 03, 2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် COVID ရောဂါကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက် ခဲ့သဖြင့် လူမှုကူညီရေးယာဉ်တစ်စီးအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။