Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော် အား သွားရောက်ဖူးမြှော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ  ၃

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ကယားပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ မြို့နာမ် ရွှေစေတီတော်အား သွားရောက်ဖူးမြှော် ကြည်ညိုသည်။   

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ ဝင်များသည် စေတီတော်အား ပန်း၊ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး စေတီတော်အား လက်ယျာရစ် လှည့်လည်ဖူးမြှော် ကြည်ညိုကြသည်။ ထို့နောက် စေတီတော် ဧည့်သည်တော် မှတ်တန်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး အလှူငွေများ ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူတစ်ဉီးက လက်ခံရယူသည်။

အဆိုပါ မြို့နာမ်ရွှေစေတီတော်ကို ကုန်းဘောင်ခေတ်၊ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် အလောင်းမင်း တရားကြီး ယိုးဒယားပြည်၊ အယုဒ္ဓယမြို့သို့ စစ်ချီရာ လမ်းတစ်လျှောက်၌ သဲပုံစေတီများ တည်ထားကိုးကွယ်ခဲ့ရာ ယခင်ကန္တရဝတီနယ်၊ ယခုကယားပြည်နယ်၏ မြို့တော် ယခင်သီရိဒေါရွာ ဦးထိပ်နေရာ ဖြစ်သော ယခုစေတီတော်နေရာတွင် အောင်မြေနင်း၍ အောင်မြေစေတီတော်အဖြစ် တည်ထား ကိုးကွယ်ခဲ့ကြောင်း၊ သီရိဒေါရွာတည်စဉ်က ရွာနာမ်စေတီဟု ခေါ်ခဲ့သော်လည်း သီရိဒေါရွာမှ လွိုင်ကော်မြို့အဖြစ် တိုးတက်ပြောင်း လဲလာခဲ့ရာ အဆိုပါစေတီအား မြို့နာမ်ရွှေစေတီတော်အဖြစ် ပြောင်းလဲကိုးကွယ်ခဲ့ကြောင်း သိရှိရသည်။   

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ရှိ ဉတ္တရာရုံကျောင်းတိုက်သို့သွား ရောက်၍ သီရိမင်္ဂလာပုံ(ဟော်ကြီး) ကျောင်း ဆရာတော် (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ) ပြည်နယ်ဩဝါဒ ဆရာတော်  ဘဒ္ဓန္တစန္ဒိမာအား အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားကြပြီး ဆရာတော်များထံမှ ဆုံးမဩဝါဒများ နာယူခဲ့သည်။   

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှု များကြောင့် ခေတ္တတိမ်းရှောင်ရာမှနေရပ်သို့ ပြန်လည်ထွက် ခွာကြမည့် ဖရူဆိုမြို့၊ ငွေတောင်ရွာသစ် ကျေးရွာ၊ မှုံပြာကျေးရွာနှင့် လွိုင်ကော် မြို့ပေါ်ရပ်ကွက်များမှ တိုက်ပွဲရှောင်ပြည်သူများအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ပေးအပ်သည့် အဝတ်အထည် များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်