နေပြည်တော် မတ် ၁၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အငယ်တန်းအင်ဂျင်နီယာ (၂) များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဗဟိုသင်တန်း ကျောင်း၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက သင်တန်းသားများအနေဖြင့် လုပ်ငန်းအတွေ့အကြုံ နည်းပါးနေသေးသော်လည်း သင်တန်းက ပို့ချမည့် စာတွေ့/လက်တွေ့ ဘာသာရပ်များကို မိမိတို့၏ ပင်ကိုယ်စွမ်းရည်၊ အရည်အချင်း၊ အတွေးအခေါ် အယူအဆများနှင့် ပေါင်းစပ်ပြီး၊ အပြန်အလှန် ဆွေးနွေးခြင်း၊ သင်တန်းသားများအချင်းချင်း အသိပညာဖလှယ်ခြင်းတို့ဖြင့် မိမိတို့ဌာနတိုးတက်ရေး၊ မိမိဘဝတိုးတက် အောင်မြင်မှု ရရှိရေးတို့အတွက် အထူးကြိုးပမ်း ဆောင်ရွက်သွားရန် အလေးထား မှာကြားလိုကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် အဓိက ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး နိုင်ငံတကာအတွေ့အကြုံနှင့် ဗဟုသုတများကို ဖလှယ်ရန်၊ အလေ့အကျင့်ကောင်းများနှင့် နည်းစနစ်အသစ်များဖြစ်ထွန်းရန်နှင့် သင်တန်းတက်ရောက် လာသည့် သင်တန်းသားများအနေဖြင့် မိမိတို့ကျရာတာဝန်များကို ကောင်းမွန်ကျေပွန်အောင် ကြိုးပမ်း ဆောင်ရွက်သည့်နေရာတွင် ရုပ်ပိုင်းဆိုင်ရာ လျှပ်စစ်ပစ္စည်းတွေ၏ အရည်အသွေး မှန်ကန်ကောင်းမွန်ဖို့ လိုအပ်သလို ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး၊ အရည်အချင်းများလည်း မှန်ကန် ကောင်းမွန်ဖို့လိုအပ်ကြောင်း၊ စွမ်းဆောင်ရည်ကောင်းမွန်သော ဝန်ထမ်းများ ဖြစ်လာစေရန်နှင့် အဂတိလိုက်စားမှုကင်းရှင်းပြီး ပြည်သူကို ဝန်ဆောင်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်သော ဝန်ထမ်းများဖြစ်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၃၀) ကို စာတွေ့/လက်တွေ့ဖြင့် ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)