Skip to main content

Jan 02, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ခရီးစဉ်အမှတ် TG-301/SF-11990 ဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ လိုက်ပါလာသည့် အိန္ဒိယနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် စိန်ဟုယူဆရသော အဖြူရောင်ကျောက်ပွင့် (အသေး) ၅၅၀ ဒသမ ၁ ဂရမ် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၂၀၁၇၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင် (သာကေတ) ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ ကွင်းအမှတ် (၁၆၁၈) တွင် TBL မျိုးစေ့ထုတ်ကုမ္ပဏီမှ စိုက်ပျိုးမြေငါးဧက၌ ချည်မျှင်ရှည်ဝါ၊ နှမ်း၊ နေကြာနှင့် ပဲတီစိမ်းသီးနှံများ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသည် ‘‘(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်’’ ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၃) မျိုးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း (၆) ရက် (စနေနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

နှစ်သစ်ကို သာယာချမ်းမြေ့စွာ ဖြတ်သန်းနိုင်ရန်ရည်ရွယ်၍ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဒေသခံပြည်သူမိသားစုဝင်များ နှစ်သစ်ကူးအကြိုကာလနှင့် နှစ်သစ်ကူးပြောင်းချိန်ကာလများတွင် အလှူအတန်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲခဲ့သည်ကို စိတ်ချမ်းမြေ့ဖွယ် မြင်တွေ့ရသည်။ အခြားတစ်ဖက်တွင် မငြိမ်းချမ်းသောဒေသများရှိ ပြည်သူများမှာ ပျော်ရွှင်ချမ်းမြေ့မှုများနှင့်ကင်းဝေးပြီး စိုးရိမ်ပူပန်မှုများနှင့် ကြုံနေကြရသည်ကို စိတ်မချမ်းမြေ့ဖွယ်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦးဖြစ်ကြောင်း အသိပေးကြေညာလိုက်ရာ ဆယ်နှစ်တာကာလအတွင်း မိမိတို့နိုင်ငံ၏ လူဦးရေမှာ တိုးလာခြင်းမရှိဘဲအနည်းငယ် ယုတ်လျော့သွားကြောင်း ကိန်းဂဏန်းများက ပြဆိုနေသည်။ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် အချို့မြို့နယ်များတွင် လူဦးရေကို ခန့်မှန်းတွက်ချက်မှု ပြုလုပ်ခဲ့ရကြောင်းနှင့် စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်းလူဦးရေမှာ ၁၉ ဒသမ ၁ သန်းကျော်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီရွှေဆိုင်”၌ ရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေး (၅၂) နှစ်သည် ဆိုင်ပိတ်ပြီး ဆိုင်အတွင်း အရောင်းဝန်ထမ်းများနှင့်အတူ ရှိနေစဉ် နံပါတ်မပါ Click အနက်ရောင်ဆိုင်ကယ် ၁ စီးဖြင့် Mask များတပ်ဆင်ထားသည့် အမျိုးသား ၃ ဦး (စိစစ်ဆဲ) ရောက်ရှိလာပြီး ၁ ဦးမှာ ဆိုင်ပေါက်ဝတွင် စောင့်နေကာ ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် အမျိုးသား ၂ ဦးမှာ ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ပြခြိမ်းခြောက်ပြီး ကောင်တာဘေးစားပွဲပေါ်တွင် တင်ထားသော ရွှေထည်အတုံး/ ဆွဲကြိုး/ လက်ကောက်ထည့်ထားသည့် ပလတ်စတစ်ပုံး ၃ ပုံးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းရွှေအလေးချိန် ၃ ပိဿာ ၅၅ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၃၀,၀၀၀ ခန့်) အား လုယက်ယူဆောင်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး မဟာအောင်မြေမြို့မရဲစခန်း (ပ) ၃၃၀/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်စုံစမ်းဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်၊ သေဂေလူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းနင်းမိပြီး ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ပန်းပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများနှင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ချယ်ရီပန်းပွဲတော် (၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေဒေသ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ထည့်သွင်း၍ ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်းပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယနေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ကျောင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်ရေးပြကွင်းအသစ်ဖောက်လုပ်တည်ဆောက်မှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ခရစ်နှစ် ၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် အခြားမြို့ကြီးများ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြကာ နှစ်သစ်ကို ပြည်သူများက ပျော်ရွှင်စွာ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်ထုတ်လုပ်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ကွယ်လွန်ခဲ့ခြင်းအတွက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းက သွားရောက်လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြစ်ခြေနှင့် ကမ္မနယ်စပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

အမျိုးသမီးငယ်များအား ပြည့်တန်ဆာအလုပ်အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၂၃ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၄၁ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၈၉၂၇၁၇၂ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်