Skip to main content

Jan 03, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ် အိုးပေါက်ရွာအနီး၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၁၈၀ တန်၊ သစ်မာ ၀ ဒသမ ၀၅၀ တန်၊ အခြားသစ် ၂ ဒသမ ၅၁၀ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၀၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

မြိတ်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ သာစည်မြို့နယ်နှင့် ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရှိ ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းပါ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

မြန်မာ - ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရန်နှင့် နှစ်နိုင်ငံအကြား လူမှုစီးပွားဆက်ဆံမှု ပိုမိုမြင့်မားခိုင်မာတိုးတက်စေရေး ကူညီဆောင်ရွက်ပေးရန်အတွက်လည်းကောင်း၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အရင်းခံ၍ နှစ်နိုင်ငံပြည်သူများအကြား ကူးလူဆက်ဆံမှုကို ကဏ္ဍအားလုံး ဆက်လက်တိုးမြှင့်ဆက်ဆံသွားနိုင်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ဂျပန်အစိုးရအပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်သည့် ဘက်စုံအထောက်အကူပေးမှုစီမံကိန်းများနှင့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ပေးရန်အတွက်လည်းကောင်းစသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသော မြန်မာ - ဂျပန်ချစ်ကြည်ရေးအသင်း( Myanmar - Japan Friendship Association) သည် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သို့ ပြည်တွင်းအသင်းအဖွဲ့အဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ရာ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြည်တွင်းအသင်းအဖွဲ့ (ယာယီ) မှတ်ပုံတင်လက်မှတ် အမှတ် “ပြည်တွင်း / ၀၂၂၆ ( ၂၀၂၂ ) ” ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့နှင့် တော်ဝင်နဂါးရောဂါရှာဖွေရေးစင်တာတို့ပူးပေါင်း၍ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား ရွေ့လျားဆေးကုသယာဉ် (Mobile Medical Units) ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ယာဉ်ရပ်နားဝင်း၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

မြန်မာ့လယ်ယာထွက် ကုန်စည်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့ရာတွင် အထောက်အကူပြုနိုင်ရန်အတွက် သီလဝါဆိပ်ကမ်းဧရိယာ အကွက်အမှတ် (၂၇)၊ (၂၈)နှင့် (၂၉)တို့တွင် ကောက်ပဲသီးနှံနှင့် စားသုံးဆီ တင်၊ ချ ဆိပ်ကမ်းတံတားသစ်များ တည်ဆောက်ရေးနှင့် ဆူးလေဆိပ်ကမ်းတံတားနှင့် သိုလှောင်ရုံအမှတ် (၁၊ ၂၊ ၃ နှင့် ၄) တို့တွင် အမိုးအကာပါ ကွန်ဗေယာစနစ် (Sheltered Conveying System) တပ်ဆင်ရေးလုပ်ငန်းများကို ပူးပေါင်းရင်းနှီးမြှုပ်နှံတိုးချဲ့တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ(Memorandum Of Agreement) များ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် Novotel Yangon Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကာလတွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ၏ တစည်းတလုံးတည်း တက်ညီလက်ညီ ပါဝင်ဆောင်ရွက်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သလို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများတွင်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2025

လုံခြုံရေးဟူသည် ကျရောက်လာနိုင်ဖွယ်ရှိသည့် ဘေးအန္တရာယ်များမှ လွတ်ကင်းအောင် စီမံဆောင်ရွက်ခြင်းပင်ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုံခြုံရေး၊ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးမှသည် နိုင်ငံတော်လုံခြုံရေးအထိ ကြီးမားကျယ်ပြန့်သလောက် အရေးကြီးသည့် လုပ်ငန်းလည်းဖြစ်သည်။ မိမိတို့နိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်မှုများ၏ ဘေးထွက်ဆိုးကျိုးအဖြစ် မြို့ပြဒေသများတွင် လက်နက်ကိုင်ရာဇဝတ်မှုများ၊ လက်ရဲဇက်ရဲကျူးလွန်လာကြသည်ကို ပိုမိုတွေ့ရှိလာရသည့်အလျောက် လူတစ်ဦးချင်းစီအပါအဝင် အိမ်ထောင်စုတိုင်း၊ လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း လုံခြုံရေးသတိအစဉ်ရှိရန် လိုအပ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Judicial College အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးတွင် မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းနွံဟန် (ခ) စိုင်းနွံလျန် မောင်းနှင်ပြီး စိုင်းစံညွန့် လိုက်ပါလာသည့် VIGO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၂၀ တုံး၊ အလေးချိန် ၄၀ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းတို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား နမ့်စန်မြို့နယ်မှ မိုင်းတုံမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ MNDAA/ TNLA/ KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ အချို့ဒေသများသို့ ပြည်မအတွင်းမှ စက်သုံးဆီများ သယ်ဆောင်ရောင်းချနိုင်ခြင်းမပြုနိုင်စေရေးအတွက် ပိတ်ဆို့တားဆီးထားရှိသော်လည်း အချို့သော ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့သောကျေးရွာများတွင် ဆီသိုလှောင်ထားရှိရာနေရာများ ပြုလုပ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများသို့ ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

လူငယ်များနှင့် စိတ်ကြွမူးယစ်ဆေးများအန္တရာယ်

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာဆုတောင်း ပြည့်ဘုရားကြီး၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် (၁၀၀) ပြည့် (၁၇) ကြိမ်မြောက် ပန်းပွဲတော်၊ ပိတ်ချင်းမြောင်လိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန်၊ တရုတ်ဘုံကျောင်း၊ နှီးဘုရား၊ ဓာတ်တော်ချိုင့်ရေတံခွန်များသို့ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများသည် နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့ အားလပ်ရက်အတွင်း လာရောက်လည်ပတ်လျက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2025

ချမ်းအေးသာစံမြို့နယ်၌ ငွေကျပ်သိန်း ၅၇၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြားနှစ်သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်