Skip to main content

Jan 01, 2025

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ သမိုင်းဝင် ဒလသင်္ဘောကျင်း နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ထည့်သွင်း၍ ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်းပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယနေ့နံနက် ၈ နာရီတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ကျောင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်ရေးပြကွင်းအသစ်ဖောက်လုပ်တည်ဆောက်မှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ခရစ်နှစ် ၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် အခြားမြို့ကြီးများ၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြကာ နှစ်သစ်ကို ပြည်သူများက ပျော်ရွှင်စွာ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) လည်ပတ်ထုတ်လုပ်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ကွယ်လွန်ခဲ့ခြင်းအတွက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းက သွားရောက်လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြစ်ခြေနှင့် ကမ္မနယ်စပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

အမျိုးသမီးငယ်များအား ပြည့်တန်ဆာအလုပ်အဓမ္မခိုင်းစေ၍ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၂၃ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၄၁ မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၈၉၂၇၁၇၂ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် ၇၇ လမ်း ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ “နဂါးနန်းတော်” စိန်ရွှေရတနာဆိုင်၌ ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဥမ္မာအေး(၅၂)နှစ်ပါ ဆိုင်ဝန်ထမ်းခြောက်ဦးတို့ ရှိနေစဉ် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ရှိရွှေထည်ပစ္စည်းမျိုးစုံ(ရွှေအလေးချိန် ၁ ပိဿာ ၉၁ ကျပ် သားခန့် စုစုပေါင်းတန်ဖိုးငွေ ၁၀၅၀၅ သိန်းကျပ်ခန့်) နှင့် ငွေစက္ကူရောရာ ကျပ်သိန်း ၃၀ ခန့်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အလျား ၁၀၈ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၂၂ ပေရှိ ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ အုပ်ညှပ် ၂ ထပ်၊ စာသင်ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ် သရက်ချောင်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သရက်ချောင်းကျေးရွာနှင့် ကုန်းစုကျေးရွာချင်းဆက်လမ်း အရှည် ၄ ဒသမ ၅ ဖာလုံ ခွဲကျောက်အမာခံခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာလုပ်ငန်းကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

မင်္ဂလာရှိတဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းချိန်ခါမှစပြီး ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းနဲ့ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ကြပါစေ၊ ဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းဝေးကြပါစေ၊ စိတ်သွားတိုင်းကိုယ်ပါပြီး လိုအင်ဆန္ဒများနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

၂၀၂၄ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းတဲ့ အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ရဟန်းရှင်လူ ပြည်သူပြည်သားများအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံကြပါစေ၊၊

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ကမ္ဘာသုံးခရစ်နှစ် ၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းသွားတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါပဲ ဖြစ်ပါတယ်။ နှစ်သစ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေ ကမ္ဘာသူ /သား အားလုံးသော ခုနစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။ စီးပွားဥစ္စာရတနာတွေလည်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွားနိုင်ကြပါစေ။ သာသနာအကျိုး၊ ဘာသာအကျိုး၊ သတ္တဝါအကျိုး၊ တိုင်းကျိုးပြည်ကျိုး၊ ဆတက်ထမ်းပိုးဆောင်ရွက်နိုင်ကြတဲ့ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပြီး မကောင်းတဲ့စိတ်ကို ပယ်ဖျောက်ပြီး ကောင်းတဲ့စိတ်တွေရောက်၍ မကောင်းတာတွေဖျောက်ပြီး ကောင်းတာတွေ ရောက်ကြပါစေလို့ နှစ်သစ်မင်္ဂလာမှာ ရှေးဦးစွာ ဆုတောင်းမေတ္တာပို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

နိုင်ငံတကာ နှစ်သစ်ကူးအခါသမယမှာ ဗုဒ္ဓဘာသာဝင်၊ ဘုရားသားတော်တစ်ပါးအနေနဲ့ ပြောရရင် “သဗ္ဗေ သတ္တာ ကမ္မဿကာ” စကားကို ပြောချင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကမ္ဘာလောကကြီးကို တစ်နေ့သုံးကြိမ် ကြည့်တော်မူတယ်။ ဘာကြောင့်ကြည့်သလဲဆိုရင် မြတ်စွာဘုရား၏ ကျင့်စဉ်ကြီးသုံးရပ်ထဲမှာ ဗုဒ္ဓတ္ထစရိယ - ဘုရားဖြစ်အောင်ကျင့်ခြင်း၊ ဉာတတ္ထစရိယ - မိမိရဲ့ မိဘက်ဖဘက်၊ နှစ်ဖက်က ဆွေမျိုးတွေ ချမ်းသာအောင်ကျင့်ခြင်း၊ ဆွေမတော်မျိုးမတော်သော ပုဂ္ဂိုလ်တွေ ဘဝသံသရာတစ်လျှောက်လုံးမှာတော့ တော်ခဲ့ဖူးကြမှာပါ။ လောကတ္ထစရိယ - တစ်လောကလုံးရဲ့ အကျိုးစီးပွားအတွက် ကျင့်တော်မူခြင်းဆိုတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ရည်ရွယ်ချက်ကြီး သုံးပါးပေါ့။ ယနေ့ဆိုရင် ‘စရိယသုံးပါး’ ‘ကျင့်စဉ်ကြီးသုံးရပ်’ ဆိုတာ ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 01, 2025

ယနေ့ဟာ တစ်ကမ္ဘာလုံးအများသုံးဖြစ်သည့် ခရစ်နှစ် ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာအခါသမယနေ့ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် နှစ်သစ် မင်္ဂလာအခါသမယနေ့မှစ၍ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူပြည်သူများအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နှစ်သစ်ဖြစ်ပါစေ။

ဆက်လက်ဖတ်ရှုရန်