Dec 30, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Dec 30, 2024
၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်
Dec 30, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင် ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ကျင်းပသည့် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ် ၁ နှင့် ၂ ၌ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Dec 30, 2024
ယနေ့ ခရစ်နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်၊ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အမြတ်တနိုး တန်ဖိုးထားသည့် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူး အခါသမယတွင် ကရင်တိုင်းရင်းသားများအပါအဝင် မိဘပြည်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Dec 30, 2024
မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဥပဒေအာဏာတည် အသက်ဝင်စေခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ ဗဟိုအဖွဲ့က အတည်ပြုခန့်အပ်ပေးပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါ သင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာသင်တန်းဆင်းပေးနိုင်ခဲ့သည်။
Dec 30, 2024
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခမှာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးအဖြစ် စာရင်းဝင်သည်။ လွတ်လပ်ရေးရပြီး လပိုင်းမျှအကြာတွင် စတင်တောက်လောင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခမီးတောက်မီးလျှံများမှာ ၇၇ နှစ်တာ ကာလတစ်လျှောက် နည်းခြင်းများခြင်းသာရှိခဲ့ပြီး လုံးဝချုပ်ငြိမ်းသွားသည်ဟူ၍ မရှိခဲ့။ ရလဒ်မှာ နိုင်ငံမတိုးတက်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုနွံထဲ ကျရောက်နေရခြင်းပင်ဖြစ်သည်။
Dec 29, 2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ (ပဉ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံစစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ်အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် အားကစားကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်ဘောလုံးကွင်း၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမရှေ့၌ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြသည်။
Dec 29, 2024
ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Dec 29, 2024
ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
Dec 29, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် မဟာဝိသုဒ္ဓါရုံ ပါဠိတက္ကသိုလ်ရွှေကျင်တိုက်သစ် ဦးစီးပဓာန နာယက အဂ္ဂမဟာ ပဏ္ဍိတတိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကယောဆရာတော်ကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ဆရာတော်ထံသွားရောက်၍ ကျန်းမာရေး အခြေအနေများနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Dec 29, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယ ဓာတ်ပေါင်းစု စေတီတော်မြတ်ကြီး၏ (၄၇) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အဖွင့်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် အဘိသန္နဗိမာန်တော်၌ကျင်းပရာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသရိန္ဒအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
Dec 29, 2024
လမ်းခင်းပစ္စည်းများ ဓာတ်ခွဲစမ်းသပ်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့် ဘေလီတံတားနှင့် သံပေါင်တံတားငယ်များ အရေးပေါ်တည်ဆောက်ခြင်း လက်တွေ့သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟို သင်တန်းကျောင်း (သုဝဏ္ဏ)၌ ကျင်းပသည်။
Dec 29, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒ ဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင် ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Dec 29, 2024
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးရုံးစုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်၊ ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ တက်ရောက်ကြသည်၊၊
Dec 29, 2024
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ (ဆိပ်ကမ်း) စက်မှုဇုန်ကနောင်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ်သမားအဖွဲ့ဝင်များ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းရန် ပြင်ဆင်ထားသူများနှင့်တွေ့ဆုံသည်။
Dec 29, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU) အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၄/၂၀၂၄ ကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ကျင်းပရာဝန်ကြီးဌာန (CPU) ခေါင်းဆောင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 29, 2024
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Dec 29, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ အဋ္ဌမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိဘများတက်ရောက်ကြသည်။