ရန်ကုန် ဩဂုတ် ၂၀
ဗီယက်နမ်နိုင်ငံ၌ သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြီးစီးခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အကောင်းဆုံးဂိုးသမားဆုနှင့် သွင်းဂိုးအများဆုံးဆု ဆွတ်ခူးရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲအပြီးတွင် သွင်းဂိုးအများဆုံးဆုနှင့် အကောင်းဆုံးဂိုးသမားဆုတို့ ရရှိခဲ့ခြင်းဖြစ်ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းဂိုးခုနစ်ဂိုးဖြင့် သွင်းဂိုးအများဆုံးရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ဂိုးသမား မျိုးမြမြငြိမ်းသည် ပွဲအားလုံးတွင် ပြိုင်ဘက်အသင်းသွင်းယူသည့် ဂိုးသွင်းခွင့်များကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သဖြင့် အကောင်းဆုံးဂိုးသမားဆုရရှိခဲ့ခြင်းဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ဗိုလ်လုပွဲမှလွဲ၍ အုပ်စုသုံးပွဲနှင့် ဆီမီးဖိုင်နယ်တို့တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး တီမောအသင်းနှင့် အုပ်စုပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ထို့ပြင် ပွဲစဉ်အလိုက် အကောင်းဆုံးဆုကိုလည်း သုံးပွဲဆက်တိုက်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ၁၀ နှစ်ကြာဝေးကွာနေသည့် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့သော်လည်း သြစတြေးလျအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ညီမြတ်သော်တာ၊ ဓာတ်ပုံ- MFF