နေပြည်တော် ဧပြီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ဝတ္ထုရှည် ပထမဆုရရှိသည့် စာရေးဆရာ ညိမ်းညို၏ “မလင်းဘယ်ခါ ရှိပါ့မယ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။
ယင်းစာအုပ်တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့ကို အခြေပြုသော တပ်ရင်းတစ်ရင်းမှ တပ်မတော်သား စစ်သည်များ၏ ဘဝများစွာကို သဘာဝကျကျ ထင်ဟပ်ဖွဲ့ဆိုထားသော ဝတ္ထုရှည် ဖြစ်သည်။ ရှေ့တန်းစစ် မြေပြင်မှ အတွေ့အကြုံ၊ နောက်တန်းမှ မိသားစုဖြစ်ရပ်စုံများဖြင့် ဝတ္ထုကို စိတ်ဝင်စား ဖွယ်ဖြစ်အောင် တန်ဆာဆင်ရေး သားထားသည်။ ရှေ့တန်းတွင် ရဲရဲဝံ့ဝံ့နှင့် တိုက်ရည်ခိုက်ရည် ကောင်းသလောက် နောက်တန်းရောက်သည့် အခါမှာလည်း စိတ်နှလုံးနူးညံ့ပြီး သံယောဇဉ် ကြီးတတ်သော တပ်ကြပ်ကြီး တစ်ဦး၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဘဝဖြတ်သန်းမှုကို ရေးသားထားသော ဝတ္ထုစာအုပ်ကောင်း တစ်အုပ်ဖြစ် သည်။
အဆိုပါစာအုပ်ကို ရောင်း ဈေး ငွေကျပ် ၂၀၀၀ ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါကအမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉- ၀၃၁၊ ၀၁- ၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်