Skip to main content

May 13, 2022

ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတွင် နိုင်ငံသားများ ပညာရည်မြင့်မားရန် လိုသည်။ ဒီမိုကရေစီ နိုင်ငံသားကောင်းတစ်ဦးသည် အမှားအမှန်၊ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ခွဲခြားသိမြင် ချင့်ချိန်နိုင်သည့် စွမ်းရည်ဉာဏ်အမြော်အမြင်တို့နှင့် ပြည့်စုံရန်၊ နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား၊ မိမိဒေသနှင့် အများပြည်သူ၏ အကျိုးစီးပွား၊ မိမိအတွက် အကျိုးစီးပွားတို့ နှိုင်းယှဉ်လာပါက မိမိ၏အကျိုးစီးပွားကို ဦးစားမပေးရန်၊ လူမှုရေးရာပြဿနာများကို မှန်ကန်စွာ နားလည်နိုင်စွမ်းနှင့် အမြော်အမြင်ရှိရှိ ဖြေရှင်းနိုင်စွမ်းရှိရန်၊ ရိုးသားဖြောင့်မတ်ရန်နှင့် ဆင်ခြင်တုံတရားနှင့် ပြည့်စုံရန်တို့ လိုအပ်သည်။ ထို့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက် တာဝန်ယူလိုမှုနှင့် အလုပ်အကျွေးပြုလိုမှုတို့လည်း လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၈ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများက ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်သော (၂၅)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual အစီအစဉ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/ မန္တလေး)တို့ ပူးပေါင်း၍ အမျိုးသားစာကြည့်တိုက်(ရန်ကုန်/နေပြည်တော်)တို့တွင် ဖွင့်လှစ်သင်ကြားသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဘွဲ့လွန်စာကြည့်တိုက် စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

လယ်ယာမြေများကိုအသုံးချမှု ဖွံဖြိုးတိုးတက်စေရန် စနစ်တကျ စီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်စာရင်းဇယားများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

(၅)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲမှုပပျောက်ရေးကော်မရှင်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force)၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၄/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်နေ နိုင်လင်းထွန်း(ခ) စောနိုင်လင်းထွန်း(ဘ) ဦးလှသောင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ ကာလအတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများ၌ ပါဝင်ခဲ့ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို ဖြန့်ဝေခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခဲ့ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ဈ)အရ ၎င်းအား ၂၀၂၂ ခုနှစ်၊ မေ ၁၁ ရက်တွင် “ထောင်ဒဏ်တစ်သက်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2022

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR)လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စာသင်ကျောင်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်၍ သင်ကြားရေးပစ္စည်းများအား ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ/ ဆရာမများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်