May 12, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ရာ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကျောင်းပြန်လည် တက်ရောက်လျက်ရှိကြသည်။
May 12, 2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၂၃ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ လက်ရွေးစင်အားကစားသမားများက အားကစားနည်း အမျိုး ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မေလ ၁၁ ရက်နေ့တွင် ကျင်းပသည့် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲပွဲစဉ်များကို ကျင်းပရာ မြန်မာအားကစားသမား မအေးအေးအောင်က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးလိုက်သည်။
May 12, 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
May 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
May 12, 2022
၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမတွင် ကျင်းပသည်။
May 12, 2022
လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
May 12, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်။
May 12, 2022
၁။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါ။