Skip to main content

Jul 01, 2022

(၂၃) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ အစည်းအဝေး (23rd ASEAN Sub-Committee Meeting on Information, 23rd SCI Meeeting) ကို ဇွန် ၃၀ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ The HILTON HANOI OPERA ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းက ကြိုဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

(၁၀) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ စိန့်ပီတာဇဘတ်မြို့တွင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး H.E.Mr. Konstantin Chuy-Chenko ၏ ဖိတ်ကြားချက်အရ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စေတနာရှင် အလှူရှင်များက ကျေးရွာစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ပွဲသို့ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၂၉ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားဖွံ့ဖြိုးရေးတွင် နယ်စပ်ကုန်သွယ်ရေးကို အားထားနေရပေသည်။ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်စပ်ဒေသများ အထူးသဖြင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိဒေသများ တည်ငြိမ်အေးချမ်းမှသာလျှင် တရားမဝင်ကုန်သွယ်မှုပပျောက်ရေးကို စနစ်တကျကိုင်တွယ် ဆောင်ရွက်နိုင်ပြီး တရားဝင်ကုန်သွယ်ရေးကို ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

မြန်မာနိုင်ငံသို့ သမဝါယမစနစ်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ခန့်ရှိပြီဖြစ်သည်။ မြန်မာ့သမဝါယမ၏ အစသည် ၁၉၀၅ ခုနှစ် မြင်းမူ ငွေစုငွေချေးသမဝါယမဖြစ်ရာ တိတိကျကျဆိုရလျှင် ၁၁၇ နှစ် ရှိပြီဖြစ်သည်။ သမဝါယမ လူ့အဖွဲ့အစည်းများ၏ အနှစ်သာရမှာ အများအတွက်တစ်ယောက်၊ တစ်ယောက်အတွက်အများ၊ စုပေါင်းဆောင်ရွက်၊ မျှဝေခံစားခြင်းဖြစ်ရာ မူလမြန်မာလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်တို့နှင့်လည်း ကိုက်ညီသည်။ သို့ရာတွင် သမဝါယမဟုဆိုသည်နှင့် တစ်ခေတ်တစ်ခါက ရပ်ကွက်/ကျေးရွာ စားသုံးသူ သမဝါယမအသင်းများ၏ အသင်းသား ပြည်သူလူထု အကျိုးစီးပွားကို အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့သည့်ပုံရိပ်များ အပါအဝင် မကောင်းသည့်၊ မအောင်မြင်သည့် ပုံရိပ်များစွာတို့က စွဲထင်နေဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်