Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

နေပြည်တော် ဇွန် ၃၀

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ သီရိမဏ္ဍိုင်ကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေးသာသနာ့ရိပ်သာ ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုးမြို့နယ်ရှိ နယ်စပ်သာသနာပြုပါရမီကျောင်းတိုက်နှင့် ဟိုပန်မြို့နယ်ရှိ ရဋ္ဌပါလမဟာဗောဓိကျောင်းတိုက်တို့သို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိတ္ထီလာကျောင်းတိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်