Aug 22, 2020
ပြည်တွင်း၌ အချင်းချင်းကူးစက်ပြန့်ပွားမှု မရှိသည်မှာ တစ်လခန့် ကြာခဲ့သည့်နောက်တွင် ပြည်တွင်း ကူးစက်မှု စတင်တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါသည်။ စစ်တွေမြို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုသို့ စတင်တွေ့ရှိပြီး ငါးရက်ခန့်အကြာတွင် ရောဂါပိုးထပ်မံ တွေ့ရှိသူ လေးဆယ်ကျော် ရှိလာ သည့်အတွက် လွန်စွာဂရုထားနေထိုင်ရမည့် အခြေအနေဖြစ်ပါသည်။
Aug 21, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုနိုင်ခဲ့သည်။
Aug 21, 2020
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန်တို့အတွက် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
Aug 21, 2020
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံ ခြင်းလုပ်ငန်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2020
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ သတ္တသတ္တာဟစေတီတော်(သံဝေဇနိယလေးဌာန–ဖွား၊ ပွင့်၊ ဟော၊ စံ—)၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Aug 21, 2020
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင် စကား ပြောကြားသည်။
Aug 21, 2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုး တူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation (Myanmar E & P) မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက်
Aug 21, 2020
`COVID-19 စီးပွားရေးကုစားမှု (CERP)အစီအစဉ် အရ ရှမ်းပြည်နယ်၊တောင်ကြီးခရိုင် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2020
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကြားကပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ၊ ပြည်သူ ကြိုးစားဆောင်ရွက်နေတာကို အင်မတန်လေးစားပါတယ်။ ချီးကျူးပါတယ်။ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ တန်ဖိုးရှိ အလေးထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်
Aug 21, 2020
၁။ (၂၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 21, 2020
NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက် အခမ်းအနား ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ ကျင်းပပြုလုပ်ခဲ့စဉ်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်း(၃)ပိုင်းဖြင့် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့သည်။ ယခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်း(၃) ပိုင်းဖြင့် ချုပ်ဆိုကြမည်ဖြစ်သည်။ ။
Aug 21, 2020
မည်သို့သော အကြောင်းချင်းရာကြောင့်ဖြစ်စေ စစ်ပွဲများဆိုသည်က လူ့အသက်တို့နှင့် ရင်းရ၏။ ဘက်နှစ်ဖက်၊ သုံးဖက် သို့မဟုတ် မည်မျှများပြားသော ဘက်ပေါင်းတို့ စစ်မျက်နှာများဖွင့်ကြ၊ တိုက်ကြ သည်ဖြစ်စေ ဘက်အားလုံးတွင် ထိခိုက်နစ်နာမှု အနည်းအများဖြင့် ရှိကြသည်သာ။ တိုက်ခိုက်မှုများကြားက မည်သူ အနိုင်ရသည်ဖြစ်စေ နစ်နာထိခိုက်မှုများက အားလုံးတွင် ဖြစ်ခဲ့ပြီးပြီ။ ထို့ကြောင့်ပင် မြန်မာပြည်သူတို့က ငြိမ်းချမ်းရေးကို လိုလားသည့် အကြောင်း အခါအခွင့်သင့်တိုင်း ဖော်ထုတ်နေကြခြင်း ဖြစ်ပေသည်။
Aug 20, 2020
ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ရီယာဒ်မြို့၏ (၆) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အိုမန်မှ (၂၈) ဦး၊ ဘာရိန်းမှ (၁) ဦး၊ ယူအေအီးမှ (၈၂) ဦး၊ အီဂျစ်မှ (၉) ဦး၊ ဘယ်လ်ဂျီယံမှ (၄) ဦး၊ မော်လ်ဒိုက်မှ (၂) ဦး၊ အစ္စရေးမှ (၇) ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၃) ဦး၊ ဘရာဇီးလ်မှ (၁၀) ဦး၊ ပြင်သစ်မှ (၈) ဦး၊ စပိန်မှ (၂) ဦး၊ တောင်အာဖရိကမှ (၂) ဦး၊ ပနားမားမှ (၃) ဦး၊ နိုင်ဂျီးရီးယားမှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁) ဦး၊ ဂျပူတီမှ (၁) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၅) ဦး လိုက်ပါလာခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံ သားများအနေဖြင့် ယနေ့ (၂၁ ၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ ပါသည်။
Aug 20, 2020
အကြိမ်(၂၀)မြောက် ပြည်ထောင်စုဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ပတ္တမြားခန်းမတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုရန် သဘောတူညီ၍ အတည်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။
Aug 20, 2020
ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး နည်းပညာ ပံ့ပိုးမှုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
Aug 20, 2020
၁။ (၂၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 20, 2020
ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီမှူးကျင်းပ ပြုလုပ်သည့် ပြည်နယ်လုံးဆိုင်ရာ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ခြင်း နှင့် ၂၀၁၉ ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆို အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များထံ စာအောင်ဆု အလှူတော်များ ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာ အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 20, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စတုတ္ထ(၁)နှစ်တာကာလ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းပွဲကို သြဂုတ် ၁၉ ရက် မွန်းလွဲ(၂)နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အောက်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 20, 2020
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် Triangle Women Organization တို့ ပူးပေါင်းပြီး Women’s Rights and Gender Orientation Training အလုပ်ရုံ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီ ခွဲက ရန်ကုန်မြို့ ၆ မိုင်ခွဲရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ရုံး၌ ပြုလုပ်သည်။
Aug 20, 2020
လေးစားအပ်ပါသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး သို့ တက်ရောက်ချီးမြှင့်ကြသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်တကွ နိုင်ငံတော်အကြီး အကဲများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ တပ်မတော်ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အစုအဖွဲ့အသီးသီး၏ ညီလာခံကိုယ်စားလှယ်များ၊ နိုင်ငံတကာသံတမန် များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အထူးဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
